မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-Un နဲ့ ရုပ်ချင်းဆင်အောင် ခွဲစိတ်ကုသမှုခံယူတဲ့ အမျိုးသား


တရုတ်နိုင်ငံက အသက် ၃၂ နှစ်အရွယ် Wang Lei ဆိုသူဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-Un နဲ့ ရုပ်ချင်း ချွတ်စွတ် ဆင်တူအောင် ခွဲစိတ်ကုမှုတောင် ခံယူထားတယ်လို့ ဆိုပါတယ်။

ပလတ်စတစ် ခွဲစိတ်ကုသမှုကို နှစ်သက်သဘောကျတဲ့ အနုပညာရှင်တစ်ဦးနဲ့ မိတ်ဆွေဖြစ်ကာ အတူချိန်းတွေ့ပြီးတဲ့နောက်မှာ ခုလို ဓာတ်ပုံပညာရှင်တွေရဲ့ လျက်တပြတ် ဓာတ်ပုံရိုက်ခံခဲ့ရတာပါ။

သရုပ်ဆောင်မင်းသမီး Liu Zixuan ကတော့ ရင်သားခွဲစိတ်ပြုပြင်ပြီးတဲ့နောက် check-up လုပ်ဖို့သွားတဲ့အချိန် ပလတ်စတစ်ခွဲစိတ်ဆေးခန်းတစ်ခုမှာ Wang နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မင်းသမီး Liu Zixuan အနေနဲ့ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ရဲ့သား Wang Sicong မှ သူ ရင်သားကြီးတာ ဆွဲဆောင်မှုရစေတယ်လို့ ဆိုလိုက်တာကြောင့် ရင်သားခွဲစိတ်ပြုပြင်ဖို့ ဆုံးဖြတ်ထားကြောင်း ကြေငြာပြီးတဲ့နောက် မှာတော့ လူတွေရဲ့ စိတ်ဝင်စားမှု ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ရဲ့သား Mr Sicong ကိုတော့ အသုံးအဖြုန်းကြီးသူလို့ လူသိများပြီး များမကြာသေးမီကလည်း သူ့ခွေးအတွက် ပေါင် ၈၀၀ တန် Apple Watch နှစ်လုံး ဝယ်ပေးခဲ့ပါသေးတယ်။

Victor.PaaTung - Trend Myanmar

မှတ်ချက်များ