တူရကီ ရဲ၂ဦး လက်တုန့်ပြန် အသတ်ခံရ

တနင်္လာနေ့ အသေခံ ဗုံးခွဲမှုတုန်းက ကာ့ဒ်လူငယ် ၃၁ ယောက် သေဆုံးခဲ့ပါတယ်။ 
ဆီးရီးယား နဲ့ နယ်စပ် တူရီကီ ဘက်ခြမ်း က ဆိုရူ့ခ်ျ ဆိုတဲ့ မြို့ မှာ တူရကီ ရဲ နှစ်ဦး ကို သတ်ဖြတ် ခဲ့တယ် လို့ ကာ့ဒ် လူမျိုး စု လက်နက်ကိုင် လှုပ်ရှားမှု အဖွဲ့ PKK ထုတ် ဖော် ပြောပါတယ်။

ပြီးတဲ့ တနင်္လာ နေ့ က ဆိုရူ့ခ်ျ မှာ ဖြစ်ပေါ် ခဲ့တဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက် မှု အတွင်း ကာ့ဒ် လူမျိုးစု လှုပ်ရှား တက်ကြွသူ လူငယ် ၃၂ ယောက် သေဆုံး ခဲ့ရ မှု အတွက် ပြန်လည် လက်စား ချေ တာ လို့ PKK က ပြောပါတယ်။

အဲဒီ့ တိုက်ခိုက် မှု ကို လုပ်ဆောင် ခဲ့တဲ့ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ ကို ကူညီ နေကြသူ တွေ အဖြစ် အခု အသတ် ခံလိုက် ရတဲ့ တူရကီ ရဲ ၂ ယောက် ကို PKK က စွပ်စွဲ ထား ပါတယ်။

အသေခံ ဗုံးခွဲ မှု လုပ်ဆောင် ခဲ့သူ ဟာ အသက် ၂၀ အရွယ် ကာ့ဒ် လူငယ် တစ်ဦး ဖြစ်တာ ကို DNA စမ်းစစ်ချက် တွေ အရ သိရှိ ထား ရတယ် လို့ တူရကီ အာဏာပိုင် တွေ က ပြောထား ပါတယ်။

အခုလို ကာ့ဒ် လက်နက်ကိုင် တွေ က တူရကီ ရဲ ၂ ဦး ကို သတ်ဖြတ် လိုက်တာ ဟာ တူရကီ နိုင်ငံ ထဲ က အရေအတွက် များပြား တဲ့ ကာ့ဒ် မျိုး နွယ် စုတွေ နဲ့ တူရကီ အစိုးရ အကြား ဆက်ဆံ ရေး တင်းမာ နေမှု ကို ပိုမို ဆိုးရွား လာစေတယ် လို့ ဆိုရူ့ခ်ျ မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

BBC Burmese

မှတ်ချက်များ