ကလေးဆန်တဲ့ ဖက်ရှင်တွေကြိုက်တဲ့ မေမြင့်မိုရ်


“ပန်းနုသွေး”ဇာတ်လမ်းတွဲကနေ ပရိသတ်လက်ခံမှု ရရှိလာတဲ့ သရုပ်ဆောင် မေမြင့်မိုရ်က လတ်တလောမှာ ကလေးဆန်တဲ့ ဖက်ရှင်လေးတွေကို ပိုနှစ်သက် လာတယ်လို့ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး ပြောပြသွားပါတယ်။

“အရင်ကတော့ စမတ်ကျတဲ့ ဖက်ရှင် မျိုးလေးတွေကို နှစ်သက်တယ်။ အခု တဖြည်းဖြည်းတော့ ကလေးဆန်တဲ့ Cute ဖက်ရှင်လေးတွေကို ပိုဝတ်တယ်။ ပိုလည်း ကြိုက်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ Cute ဖက်ရှင်တွေ၊ ဘောင်းဘီတို၊ အင်္ကျီတိုလေးတွေက လွတ်လပ်တယ်လို့ ခံစားရတယ်။ နောက်ပြီး ညီမနဲ့လည်း လိုက်တယ်လို့ ထင်တယ်။ ဒါကြောင့် ၀တ်ဖြစ်လာတယ်။ အရောင်ကတော့ ဗေဒါရောင်တို့၊ ပန်းနုရောင်တို့က ညီမရဲ့ ခရေဇီ ကာလာလေးတွေပဲ။ ဒီနှစ်ထဲမှာတော့ အဲဒီကာလာတွေကို အရမ်းကြိုက်နေတယ်”လို့ မေမြင့်မိုရ်က ပြောပြခဲ့ပါတယ်။

မေမြင့်မိုရ်က အနုပညာလှုပ်ရှားမှု အနေနဲ့ ဗီဒီယိုကားတွေ၊ MTV ရိုက်ကူးမှုတွေကို လုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

The Messager

မှတ်ချက်များ