စပိန်မြို့တစ်မြို့မှာ တစ်မြို့လုံးအတွက် တရားဝင် နေ့လည်နေခင်းခဏမှေးစက်ချိန် ထုတ်ပြန်လိုက်ပြီး အဲ့ဒီမြို့တော်ဝန်ကလည်း စပိန်မှာ ဒီလိုထုတ်ပြန်ချက်မျိုး ထုတ်ပြန်တဲ့ ပထမဆုံးမြို့တော်ဝန်ဖြစ်လာပါတယ်။
Valencia ပြည်နယ် Ador မြို့တော်ဝန် Joan Faus က နေ့လည် ၂ နာရီမှ ညနေ ၅ နာရီအထိကို မြို့နေလူအားလုံး နေ့ခင်းနေ့လည်အနားယူမှေးစက်ရမည့် တရားဝင်အချိန်အဖြစ် သတ်မှတ်ကြေညာလိုက်ပါတယ်။
အဲ့ဒီမှေးစက်ချိန်နာရီတွေအတွင်း ဒေသခံတွေ မအိပ်ဘူးဆိုရင်တောင် ဆိတ်ဆိတ်နေကြဖို့၊ ကလေးတွေ အိမ်အပြင်ဘက်ထွက်ပြီး ဆူညံသံတွေမပြုနိုင်အောင် မိမိကလေးကိုယ်မိမိ နေအိမ်အတွင်း ထိန်းသိမ်းစောင့်ရှောက်ထားကြဖို့လည်း မြို့တော်ဝန်က ညွှန်ကြားထား ပါတယ်။
နေ့ခင်း ၂ နာရီကနေ ညနေ ၅ နာရီဟာ လုပ်ငန်းခွင်ကနေ ခေတ္တအနားယူရသင့်လောက်အောင် အပူဆုံးအချိန်မို့ အခုလို ရွေးချယ်သတ်မှတ်လိုက်ရတာပါပဲလို့ မြို့တော်ဝန်က ပြောကြားကခဲ့ပါတယ်။
ဖိုးသူတော်

မှတ်ချက်များ