![]() |
| ဆောက်လုပ်ဆဲ အဆောက်အဦတစ်ခုကို တွေ့ ရစဉ် |
ဖြစ်စဉ်မှာ ထွန်းမင်း(၂၃)နှစ် (လက်သမား) ဒေါနဘွားရပ်ကွက် အောင်မြေသာစံမြို့နယ်နေသူသည် မဟာအောင်မြေမြို့နယ် စင်္ကြာနွယ်စဉ်ရပ်ကွက်(၃၇)လမ်းနှင့်(၃၈) လမ်းကြားဇီဝကလမ်းသွယ်ရှိ ဆောက်လုပ်ဆဲ လေးထပ်တိုက်အဆောက်အအုံ လေးလွှာ၌ ကွန်ကရစ်လောင်း ရာတွင် ထောက်ထားသည့်သစ်သားတိုင်အား ဖြုတ်ရာမှ အရှိန်လွန်၍ ပြုတ်ကျကာ ယာမျက်ခုံးပေါက်ပြဲ၊ နောက်ကျောပွန်းပဲ့ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး) - The Mirror Daily

မှတ်ချက်များ