အသည်းအစားထိုးပြီးနောက် အသားမည်းလာတဲ့ လူဖြူအမျိုးသား


အာဖရိက-အမေရိကလူမျိုးတစ်ဦး၏ အသည်းကို အစားထိုးထားတဲ့ လူဖြူအမျိုးသားတစ်ဦးက သူ့အသားအရေဟာ အသည်းအစားထိုးပြီးနောက်ပိုင်း တဖြည်းဖြည်း မည်းမည်းလာတယ်လို့ ဆိုလာပါတယ်။

ဆီမန်ဂျန်ဒလာဟာ အသည်းရောင်စီပိုးနဲ့ ကင်ဆာရောဂါတွေ ဖြစ်ပွားနေတာ ကြောင့် အရေးပေါ်အသည်းအစားထိုးဖို့ အသည်းလို့အပ်ခဲ့ပါတယ်။ အသက် ၆၅ နှစ်ရှိ အသေးစားစက်ပစ္စည်းများတီထွင်သူ ဂျန်ဒလာဟာ အခုလိုမျိုးအသားမည်းလာရုံမှအပ အခြားကျန်းမာရေးချိုးယွင်းမှုတော့ မရှိဘူးလို့ ဆိုပါတယ်။ သူဒီလို အသားမည်းလာတာနဲ့ အစားထိုးလိုက်တဲ့အသည်းနဲ့ ကြားက ဆက်စပ်မှုကို ဆရာဝန်တွေက လေ့လာလျက်ရှိတယ်လို့ သိရပါတယ်။

ဖိုးသူတော်

မှတ်ချက်များ