မင်းသား လီယိုနာဒို ဒီကာပရီယိုက ပတ်ဝန်းကျင်လှုပ်ရှားမှုများအတွက် ဒေါ်လာ ၁၅ သန်း လှူမည်


ကမ္ဘာကျော်အမျိုးသားသရုပ်ဆောင် လီယိုနာဒို ဒီကာပရီယိုက ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေကို ယခုနှစ်အတွက် ဒေါ်လာ ၁၅ သန်း လှူဒါန်းမယ်လို့ သိရပါတယ်။

အသက် ၄၃ နှစ်ရှိ မင်းသား လီယိုနာဒိုက Save the Elephants နဲ့ National Geographic Pristine Seas အပါအ၀င် ကမ္ဘာတစ်ဝန်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံကိန်းတွေအတွက် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း ၂၇ ခုဆီ ယခုသီတင်းပတ်အတွင်း သူ့ဖောင်ဒေးရှင်းကနေတစ်ဆင့် အလှူငွေတွေ ပေးပို့လှူဒါန်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဒီကာပရီယိုဟာ လီယိုနာဒိုဒီကာပရီယိုဖောင်ဒေးရှင်းကို ၂၀၁၀ ပြည့်နှစ် မှာ တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း ၄၀ က စီမံကိန်း ၇၀ ကျော်အတွက် ပံ့ပိုးမှုတွေ ပြုလုပ်ပြီး ဖြစ်ပါတယ်။ မင်းသားဟာ သူ့ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတွေကြောင့် ဘီလ်ကလင်တန်နဲ့ ဟီလာရီကလင်တန်နဲ့ ကုလသမဂ္ဂတို့ရဲ့ ဂုဏ်ပြုခြင်းကိုလည်း ခံခဲ့ရပါတယ်။

ဖိုးသူတော်

မှတ်ချက်များ