အသက် ၁၉ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်၊ သစ်ပင်မှာချည်ပြီး အပိုင်းပိုင်းခုတ်ခဲ့တဲ့ အကျဉ်းသား ကွပ်မျက်ခံရ



အမေရိကန်နိုင်ငံ မစ်ဆူရီပြည်နယ်မှာ အသက် ၁၉ နှစ်အရွယ်မိန်းကလေးတစ်ဦးကို မုဒိမ်းကျင့်ပြီး သချိုင်္င်းတစ်ခုကသစ်ပင်မှာ ကြိုးတုပ်ကာ လက်ချည်းသက်သက်နဲ့ သတ်ခဲ့တယ်လို့ စွဲချက်တင်ခံခဲ့ရတဲ့ အမျိုးသားတစ်ဦးကို ယခု ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ညနေက ကွပ်မျက်လိုက်တယ်လို့ သိရပါတယ်။ 

မစ်ဆူရီပြည်နယ်အကျဉ်းထောင်သားတစ်ဦးဖြစ်တဲ့ အသက် ၅၅ နှစ်ရှိ ဒေးဗစ်ဇင့်ဟာ အသနားခံစာပယ်ချခံရတဲ့နောက် ကွပ်မျက်ခံခဲ့ရတာပဲဖြစ်ပါတယ်။

ဇင့်ဟာ ၂၀၀၁ ခုနှစ်က အဆိုပါအမျိုးသမီး မော်တန်၏ ကားကို ထုရိုက်ပြီးနောက် မော်တန်ကို ပြန်ပေးဆွဲခဲ့ပါတယ်။ မော်တန်ဟာ သူငယ်ချင်းအိမ်ကနေ သူမအိမ်ကို ပြန်နေတဲ့လမ်းမှာပါ။ ဒီလို ဇင့်နဲ့ မော်တန်ရဲ့ ဖြစ်ရပ်မတိုင်ခင် လအနည်းငယ်ကပဲ ဇင့်ဟာ မုဒိမ်းမှု၊ ပြန်ပေးဆွဲမှုနဲ့ တခြားအမှုတွေအတွက် ထောင်ဒဏ် နှစ် ၂၀ ကျပြီး တက္ကဆက်အကျဉ်းထောင်တစ်ခုကနေ ထောင်ဒဏ်မစေ့သေးဘဲ ယာယီအပြင်ထွက်ခွင့်နဲ့ လွတ်လာတာပါ။ 

ဒါကို ဇင့်က သတိထားရမယ့်အစား မော်တန်ကို ပြန်ပေးဆွဲ၊ မိုတယ်တစ်ခုကို ခေါ်သွားပြီး အခြေအနေတွေကိုပိုဆိုးစေခဲ့ပါတယ်။

ဇင့်က မော်တန်ကို မိုတယ်မှာ မုဒိမ်းကျင့်ပြီးတဲ့နောက် သချိုင်္င်းတစ်ခုကို ခေါ်သွားပြီး သစ်ပင်တစ်ပင်မှာချည်ကာ မိုးပေါ်မော့ကြည့်စေခဲ့ပါတယ်။ ပြီးတော့ ဇင့်က ကြောက်မက်ခြောက်ခြားဖွယ်ရာ ရယ်သံပြုပြီး မော်တန်ရဲ့အနေအထားကို ဗီဒီယိုရိုက်ခဲ့တယ်လို့လည်း သိရပါတယ်။ ဇင့်က မော်တန်ရဲ့ လည်ပင်းကို ရိုက်ပြီး သူ့လက်နှစ်ဖက်နဲ့ ညှစ်ကာ ကြိုးချည်ပြီး သူမပါးစပ်ထဲ ရွှံ့တွေနဲ့ သစ်ရွက်တွေ အပြည့်သိပ်ခဲ့ပါတယ်။ ပြန်သတိရမှာကြောက်လို့ မော်တန့်ကို ဓားနဲ့ အပိုင်းအပိုင်းခုတ်၊ ပြီးတော့မှ အဲ့ဒီသချိုင်္င်းထဲမှာ မြှုပ်နှံခဲ့တာဖြစ်တယ်လို့ ဇင့်ကိုယ်တိုင်ထွက်ဆိုခဲ့ပါတယ်။

၂၀၀၁ ခုနှစ်ကတည်းက ဖြစ်ခဲ့ပြီး ကာလကြာရှည်ရင်ဆိုင်ခဲ့တဲ့ဒီအမှုထဲမှာ အဓိကပါဝင်တဲ့ ဗီဒီယိုထဲမှာ ဇင့်က ‘ကျွန့်တော့်လွတ်လပ်မှုကို ထိပါးမယ့် အရိပ်အယောင်လို့ ထင်တာနဲ့ အဲ့လူကို ကျွန်တော် ဖယ်ရှားရှင်းလင်းပစ်မှာပါ’ ဟု ပြောကြားထားပါတယ်။ သူတို့နှစ်ဦး ပတ်သက်မှုနဲ့ ပတ်သက်လို့တော့ မဖော်ပြခဲ့ပါဘူး။ ဇင့်ဟာ မစ်ဆူရီမှာ ယခုနှစ်အတွင်း ငါးဦးမြောက် ကွပ်မျက်ခံရသူဖြစ်ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာနောက်ပိုင်း ၁၇ ဦး မြောက် ကွပ်မျက်ခံရသူဖြစ်ပါတယ်။

ဖိုးသူတော်

မှတ်ချက်များ