သရဲမြို့ သို့မဟုတ် ယူကရိန်းက လူမနေတဲ့ မြို့ပျက် တစ်ခု
Ghost Town လို့ တင်စား ခေါ်ဝေါ်တဲ့ မြို့တစ်မြို့ ယူကရိန်းမှာ ရှိပါတယ်။ The town of Pripyat လို့ အမည်ရ ပါတယ်။ ၁၉၈၆ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှာ နျူကလိယ စက်ရုံ ပေါက်ကွဲတာကြောင့် တစ်မြို့လုံး စွန့်ခွာ ထွက်ပြေးရပါတယ်။ ဒါကြောင့်မို့ စုစုပေါင်း နှစ်၃၀ ကျော်ပါပြီ။
ယူကရိန်းနိုင်ငံရဲ့ ပထမဆုံး အဏုမြူ စွမ်းအင်သုံး ဓာတ်ပေါင်းဖိုကို တည်ဆောက်ပြီး ယင်း အနီးမှာပဲ မြို့တည်ခဲ့ ပါတယ်။ ၁၉၇၀ ခုနှစ်က စတင် တည်ခဲ့ခြင်း ဖြစ်ပါတယ်။ လူဦးရေ ၅ သောင်း ဝန်းကျင် နေထိုင်ပြီး သူတို့ဟာ အဏုမြူ စွမ်းအင်သုံး ဓာတ်ပေါင်းဖိုမှာ အလုပ် လုပ်တဲ့ အင်ဂျင်နီယာများ၊ ပညာရှင်များက မိသားစုလိုက် နေထိုင်ခြင်း ဖြစ်ပါတယ်။ မြို့မှာ ထူးခြားချက်က ဒီဇိုင်းဖြစ်ပြီး သူ့ခေတ် သူ့ခါမှာ ခေတ်အမှီဆုံးမြို့ ဖြစ်ခဲ့ ပါတယ်။ နိုင်ငံတကာကလည်း Pripyat မြို့ဟာ တစ်ချိန်မှာ ခေတ်အမှီဆုံး ခေတ်ရှေ့ပြေးမြို့ တစ်မြို့ ဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြ ပါတယ်။ ဒါပေမယ့် မျော်လင့် မထားတဲ့ အဏုမြူ ဓာတ်ပေါင်းဖို ပေါက်ကွဲမှု ဖြစ်ခဲ့ ပါတယ်။ ဒါကြောင့်မို့ ရက်ပိုင်းအတွင်း မြို့ခံ ပြည်သူများကို ပြောင်းရွှေ့စေခဲ့ ပါတယ်။
မြို့ခံများကလည်း မိမိတို့ ပိုင်ဆိုင်ရာ ပစ္စည်း အများစုကို မယူပဲ ထားခဲ့ကြ ပါတယ်။ လူတို့ ဝင်ထွက် သွားလာခွင့် မပြုတဲ့ တားမြစ် ဧရိယာ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဓာတ်ပုံ ဆရာများ၊ လေ့လာသူများဟာလည်း တရားဝင်ရော၊ တရားမဝင်ရော ဝင်ရောက်လို့ ပုံရိုက်ခြင်း၊ နံရံ ပန်းချီရေးဆွဲခြင်း တို့ကို ပြုလုပ်ကြပါတယ်။ နှစ် ၃၀ ကြာပြီ ဖြစ်ပေမယ့် ပစ္စည်းနဲ့ ပတ်ဝန်းကျင် အသီးအပင်၊ လေထုများဟာ ရေဒီယို သတ္တိကြွသောနှုန်း မြင့်နေဆဲ ဖြစ်ပါတယ်။
ရိုးရာလေး

























မှတ်ချက်များ