ချစ်ခင်မြတ်နိုးစွာ အကြင်နာပေးခြင်းကို တစ်ကမ္ဘာလုံးတွင် လုပ်ဆောင်နေသည့် အပြုအမူတစ်ခု အဖြစ် လက်ခံထားသော်လည်း ယင်းလက်ခံထားမှု မှားယွင်းနေပြီး အကြင်နာပေးခြင်းကို လက်ခံ ပေးနိုင်စရာ မရှိသည့် အပြုအမူအဖြစ် လက်ခံထားသော လူ့အဖွဲ့အစည်းများ ရှိနေဆဲ ဖြစ်ကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်းရှိ လူ့အဖွဲ့အစည်း အနည်းငယ်သာ အကြင်နာပေးခြင်းကို လိင်ဆန္ဒထုတ်ဖော်မှု အဖြစ် သတ်မှတ်ထားပြီး ကျန်လူ့အဖွဲ့အစည်းများမှာမူ အကြင်နာပေးခြင်းအား စက်ဆုတ်ရွံရှာစရာ လုပ်ရပ်အဖြစ် သတ်မှတ် ထားကြသည်။
ကမ္ဘာတစ်ဝန်းရှိ ယဉ်ကျေးမှု (၁၆၈) ခုအနက် (၄၆) ခုသာလျှင် အကြင်နာပေးခြင်းကို ခင်မင်မှု အပြုအမူအဖြစ် လက်ခံထားသည်။ ဥပမာ ပေးရလျှင် မြောက်အမေရိကရှိ ယဉ်ကျေးမူ (၃၃) ခုအနက် (၁၅) ခုတွင် အကြင်နာပေးမှု လုံးဝမရှိချေ။
အရှေ့အလယ်ပိုင်း နိုင်ငံ အားလုံးနီးပါးတွင် အကြင်နာပေးမှု ရှိနေသော်လည်း ဥရောပရှိ လေ့လာမှု ပြုလုပ်ခဲ့သည့် နိုင်ငံ(၁၀) နိုင်ငံအနက် သုံးနိုင်ငံတွင်မူ အကြင်နာပေးမှုအား လက်ခံ ပေးနိုင်စရာ မရှိသည့် အပြုအမူ အဖြစ် လက်ခံထားသည်။အာရှနိုင်ငံ (၂၇) နိုင်ငံ အနက် (၁၀) နိုင်ငံတို့တွင် ချစ်မှုခင်မှု ပြသသည့် အနေနှင့် အကြင်နာပေးလေ့ မရှိကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။ ဘရာဇီးရှိ မီဟီနာကူ မျိုးနွယ်စုဆိုလျှင် အကြင်နာပေးခြင်းကို စက်ဆုတ်ဖွယ်ဟု သတ်မှတ်ထားသည်။
အကြင်နာပေးခြင်း ဆိုသည်မှာ အနောက်နိုင်ငံ လူ့အဖွဲ့အစည်းများက ဖန်တီးခဲ့ခြင်း ဖြစ်ပြီး၊ အခြားဒေသများသို့ ပျံ့နှံ့သွားသည့် အပြုအမူသာ ဖြစ်ကြောင်း လာ့စ်ဗေးဂတ်စ်ရှိ နီဗားဒါး တက္ကသိုလ်မှ ၀ီလျံဂျန်ကို ၀ီယက်ခ်က ပြောဆိုခဲ့သည်။ ယခုလေ့လာမှုကို American Anthropologist တွင် ဖော်ပြထားသည်။
The Messenger


မှတ်ချက်များ