၁၂ နှစ် အရွယ်သမီးငယ်ကို လင်ပေးစားသောအဖေ


Australia နိုင်ငံ၊ New South Wales ပြည်နယ်မှာ အသက် ၁၂ နှစ် အရွယ် သမီးငယ်ကို အသက် ၂၆နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် အစ္စလာမ်ထုံးစံ အတိုင်း လက်ထပ် ပေါင်းသင်း စေခဲ့သော ဖခင်ဖြစ်သူ အသက် ၆၃ နှစ်အရွယ်ရှိ လက်ဖနွန်မွတ်စလင်တစ်ဦးကို တရားရုံးက ထောင်ဒဏ်ခြောက်နှစ် ချမှတ်လိုက်ပါတယ်။

ဖခင်ဖြစ်သူဟာ သူ့ ရဲ့ သမီးငယ်ကို အသက်၂၆ နှစ်အရွယ်ရှိ တက္ကသိုလ်ကျောင်းသား လက်ဖနွန်မွတ်စလင်တစ်ဦးနှင့်သူ့ ရဲ့ အိမ်မှာပဲ ဗလီဆရာတစ်ဦးကိုခေါ်ပြီး အစ္စလာမ်ဘာသာ ထုံးစံ အတိုင်း လက်ထပ်ပေးခဲ့တာဖြစ်ပါတယ်၊ ပြီးတော့သူ့ သမီးနှင့် သမက်အိပ်ဖို့ မွေ့ ယာကို ဖခင်ဖြစ်သူက ကိုယ်တိုင်ခင်းပေးတယ်လို့ ဆိုပါတယ်၊ လက်ထပ်အပြီး တနှစ်ခွဲခန့် အကြာမှာ သမီးဖြစ်သူဟာ ကိုယ်ဝန်ပျက်ကျခဲ့ပါတယ်။

ဖခင်ဖြစ်သူရဲ့အကြောင်း ပြချက်ကတော့သူ့ သမီးဟာ အရွယ်ရောက်လာပြီ ဖြစ်တဲ့ အတွက် ယောကျာင်္းလေးများကို စိတ်ဝင်စားစပြုလာပြီ၊ ရည်းစားထားလာနိုင်တယ်၊ အိမ်ထောင်မပြုပဲ sex လုပ်လာနိုင်တယ်၊ အဲဒီလိုလုပ်ခြင်းဟာ အစ္စလာမ်ဘာသာမှာ အပြစ်ဖြစ်တယ်၊ အဲဒါကြောင့်သူ့ သမီးအပြစ်မဖြစ်အောင် တရားဝင်နေကာဟ်ပြုထိမ်းမြား ပေးလိုက်တာ ဖြစ်ပါတယ်လို့ တရားရုံးမှာ လျှောက်လဲပါတယ်။

Social Action for Women - SAW

မှတ်ချက်များ