ကင်တတ်ကီ၌ ရေကြီးမှုဖြစ်ပွား လူများစွာပျောက်ဆုံး


ကင်တတ်ကီ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများဖြစ်ပွား သောကြောင့် တနင်္လာနေ့နှောင်းပိုင်း က လူတစ်ဦးသေဆုံးပြီး ဒါဇင်ဝက် ခန့်မှာ ပျောက်ဆုံးနေကြောင်း ဒေသ မီဒီယာများတွင် ဖော်ပြသည်။

လက်ဆင်တန်ရှေ့ဘက် ၁၂၅ မိုင်ခန့်အကွာ ဂျွန်ဆင်စီရင်စုရှိ ရေ လွှမ်းမိုးနေသော လမ်းမကြီးပေါ်တွင် အမျိုးသားတစ်ဦးကားအတွင်းမှ လွင့်စဉ် နစ်မြုပ်သေဆုံးခဲ့သည်ဟု သိရသည်။

ကလေးငယ်တစ်ဦး အပါအဝင် အခြားခြောက်ဦးမှာ ရေကြီးမှု ဖြစ်ပွားပြီး ပျောက်ဆုံးနေကြောင်း ဒေသတွင်း သတင်းစာတစ်စောင်က ဖော်ပြသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များကို ချက်ချင်းလုပ်ဆောင်မည် ဖြစ်ကြောင်း စီရင်စုရှိ အရေးပေါ် စီမံရေးရာဌာန လုပ်သားတစ်ဦးက ပြောသည်။ ပျောက်ဆုံးအရေ အတွက်ကို အတည်မပြုနိုင်သေး ကြောင်း ၄င်းက ပြောသည်။ အင်္ဂါနေ့ အစောပိုင်းနှင့် ယမန်နေ့ညက တိုက်ခတ်ခဲ့သော လေဆင်နှာမောင်း နှင့် မုန်တိုင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း အမျိုးသား မိုးလေဝသဌာနက ပြောသည်။

အီလီနွိုက်ပြည်နယ်၊ အင်ဒီးယာ နာနှင့် အိုဟိုင်းယိုးအနောက်တောင် ပိုင်း၌ အင်္ဂါနေ့အစောပိုင်းက မုန် တိုင်းများ တိုက်ခတ်ခဲ့ကြောင်း သိရ သည်။ မုန်တိုင်းများ တိုက်ခတ်မှု ကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ပြီး သစ်ပင်များပြိုလဲကာ လျှပ်စစ်ဓာတ် အားလိုင်းများ ပြတ်တောက်ခဲ့ကြောင်း ကင်တတ်ကီ အရေးပေါ်စီမံရေးရာ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ရေကြီးမှုကြောင့် အိမ်အလုံးပေါင်း ၆ဝခန့် ပျက်စီးသွားခဲ့ကြောင်း သိရ သည်။

Myanmaalinn

မှတ်ချက်များ