မယုံနိုင်လောက်အောင် နုပျိုနေတဲ့ အသက် ၅၀ အရွယ် ဟောင်ကောင် မော်ဒယ်











ပုံမှာ မြင်တွေ့နေရတဲ့ ဟောင်ကောင် မော်ဒယ် Candy Lo ဟာ ၁၉၉၁ ခုနှစ် တုန်းက Miss Asia Pageant ဆု ရရှိဖူးသူ ယနေ့ အသက် ၅၀ ရှိပြီ ဖြစ်တဲ့ မော်ဒယ် တစ်ဦး ဖြစ်ပါတယ်။ သူမ အသက်ဟာ ၅၀ လို့ပြောရင် ဘယ်သူမှ မယုံနိုင်ပါဘူး။

မယုံနိုင်ရလောက်အောင်လည်း အင်မတန် နုပျိုနေပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က အိမ်ထောင်ကွဲပြီး သား နှစ်ဦးရှိတဲ့ မိခင်ဟာ သားများနဲ့ ခရီးသွားရင်တောင် ရွယ်တူ သူငယ်ချင်းတွေ၊ ရည်းစားတွေလို့ အထင်ခံရ ပါတယ်။ ဒါပေမယ့် သူမဟာ ဟောင်ကောင်မှာ နာမည်ရတဲ့ မော်ဒယ် တစ်ဦးပါပဲ။ အဆီပို လုံးဝ မရှိပဲ၊ ခန္ဓာကိုယ်ကို slim ဖြစ်အောင် ထိန်းထားနိုင်ပါတယ်။ ဒါ့အပြင် အရည်အပြားဟာ အသက်အရွယ်ကြောင့် ရင့်ရော်သွားခြင်း၊ တွန့်သွားခြင်းတို့ မဖြစ်တာကိုလည်း တွေ့ရ ပါတယ်။ သူမဟာ Instagram ပေါ်မှာ အားပေးသူ များတဲ့ မော်ဒယ် တစ်ဦး ဖြစ်လာပါတယ်။

ဒါ့အပြင် သူမရဲ့ ဓာတ်ပုံများကို စာအုပ် တစ်အုပ် အဖြစ် ထုတ်ပြီး Timeless လို့ အမည်ပေးပါတယ်။ သူမရဲက ခေတ်ကာလသာ ပြောင်းသွားပေမယ့် သူမရဲ့ ပြောင်းလဲ မသွားတဲ့ အလှတရားများကို ဖော်ဆောင်ပြတဲ့ ဓာတ်ပုံ Album စာအုပ် ဖြစ်ပါတယ်။ စာအုပ်ပေါင်း သုံးထောင် ထုတ်လုပ် ဖြန့်ချိပြီး ယင်း စာအုပ်ကနေရတဲ့ ငွေကြေး အချို့ကိုလည်း အလှူအဒါန်း အဖွဲ့အစည်းတွေကနေ တစ်ဆင့် လှူဒါန်းသွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။

အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ