သဘာဝလွန် ဖြစ်ရပ်တွေကို စိတ်ဝင်စားတဲ့ မင်းလူလူ


သရုပ်ဆောင် လောကထဲကို ၀င်ရောက်လာတဲ့ မင်းလူလူက အတောင်ပံများနဲ့လူ ဇာတ်ကားကို အန်နီမေးရှင်းတွေနဲ့ ရိုက်ထားတယ်လို့ ပြောပြခဲ့ပါတယ်။ ““ကျွန်တော်က အန်နီမေးရှင်း ဇာတ်ကားလေးနဲ့ ပထမဆုံး ပရိသတ်တွေဆီ ရောက်ချင်ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး ခြေလှမ်းလေးကို ထူးထူးခြားခြား ဖြစ်စေချင်တာရယ်၊ ကျွန်တော် ငယ်ငယ်က စိတ်ကူးယဉ်ခဲ့ရတဲ့ သဘာဝလွန်တဲ့ ဘ၀တစ်ခုကို ဖန်တီးချင် ခဲ့တာရယ်ကြောင့်ပါ။

 ပရိသတ် တော်တော်များများလည်း မမြင်ဖူးတဲ့ ဇာတ်လမ်းတစ်ခုကို ကျွန်တော် လုပ်ပြချင်တာလည်း ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုရိုက်ခွင့်ရတဲ့အတွက် ကျွန်တော် ကိုယ်တိုင်လည်း ကျေနပ်နေမိပါတယ်””လို့ မင်းလူလူက ပြောသွား ခဲ့ပါတယ်။ မင်းလူလူသည် “အတောင်ပံများနဲ့လူ”ဇာတ်လမ်းကို သရုပ်ဆောင် မေမြတ်နိုးနဲ့ ရိုက်ကူးထားတယ်လို့ သိရပါတယ်။

The Messager

မှတ်ချက်များ