ချစ်စရာ အိမ်လေးတစ်လုံး ပိုင်ဆိုင်ချင်တဲ့ ဂုဏ်ရည်အေးကျော်


“အခုလက်ရှိက တိုက်ခန်းနဲ့ နေတယ်။ ဒီလိုနေရတာမျိုးက တစ်ခါ တစ်ခါ ညီမစိတ်ကို မွန်းကျပ်စေတယ်လို့ ခံစားရတယ်။ ရန်ကုန်မှာက တိုက်ကောင်းကောင်း၊ ခြံကျယ်ကျယ် ကျတော့ ပြောရရင် သာမန် လူတန်းစားတွေ အတွက် မဖြစ်နိုင်သေးပါဘူး။ ညီမအနေနဲ့တော့ ညီမတစ်ယောက်စာ လွတ်လွတ်လပ်လပ် နေ့လို့ရမယ့် ချစ်စရာ အိမ်လေးတစ်လုံးတော့ လိုချင်မိတာ အမှန်ပါပဲ။ အိမ်လေးရဲ့ အပြင်ဘက်မှာ ရေတံခွန်လေး တစ်ခုနဲ့ ပေါ့နော်။ နွေးထွေးမှုပေးနိုင်တဲ့ ချစ်စရာ အိမ်လေးတစ်လုံးကို ပိုင်ဆိုင်ချင်ပါတယ်”လို့ စိတ်ကူးထဲက ချစ်စရာ အိမ်လေးအကြောင်းကို ပြောသွားတာပါ။

ဂုဏ်ရည်အေးကျော်အနေနဲ့ မြို့ပြရဲ့ မွန်းကျပ်မှုတွေ ကင်းမဲ့စေတဲ့ အိမ်လေး တစ်လုံးကို သူမလိုချင်တယ်လို့ ပြောသွားတဲ့ ဂုဏ်ရည်အေးကျော်ကတော့ အစီအစဉ် တင်ဆက်သူ တစ်ဦးအနေနဲ့ ရပ်တည်နေပါတယ်လို့ ပြောပြခဲ့ပါတယ်။

The Messager

မှတ်ချက်များ