ကဏန်းထုတ်လုပ်မှုကျဆင်းနေ၍ ပြည်ပတင်ပို့မှု ခေတ္တရပ်ဆိုင်းထား


ပြည်ပနိုင်ငံများမှ ကဏန်းတင် ပို့ရန်မှာယူမှုမြင့်တက်လာသော်လည်းကဏန်းမွေးမြူထုတ်လုပ်မှုများ သိသာ စွာကျဆင်းလာသောကြောင့် ပြည်ပကဏန်းတင်ပို့မှုကို ခေတ္တရပ်နားထား ရသည်ဟု မြန်မာနိုင်ငံ ကဏန်းလုပ်ငန်းရှင်များအသင်းမှသိရသည်။

''သဘာဝကရတဲ့ ကဏန်းပေါက် ရရှိမှုကလဲ သိသိသာသာလျော့နည်း လာတယ်။ ကဏန်းသားဖောက်စခန်း တွေကလဲ ကဏန်းအကောင်ပေါက် ထုတ်လုပ်နိုင်မှုကျဆင်းလာတဲ့အတွက် ကဏန်းအထွက်နှုန်း ကျဆင်းလာတာ။ဒါကြောင့် ပြည်ပကိုတင်ပို့နိုင်မှုမရှိသေး လို့ ရပ်နားထားတာပါ''ဟုမြန်မာနိုင်ငံ ကဏန်းလုပ်
ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။

မြန်မာနိုင်ငံမှ မွေးမြူထွက်ရှိသည့် ကဏန်းများကို ယခင်က တရုတ်နိုင်ငံ မှ ပုတ်ပြတ်ဖြင့်သော်
လည်းကောင်း၊ ကန်ထရိုက်စာချုပ်များဖြင့်သော်လည်း ကောင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအ ခါ ဂျပန်၊ ထိုင်း၊ တောင်ကိုရီးယား၊ ဗီ ယက်နမ်နှင့် ဥရောပနိုင်ငံအများစုက ပါ ဝယ်ယူရန်ကမ်းလှမ်းလာခြင်းဖြစ် သည်။

''မြန်မာ့ကဏန်းတွေက အရသာ ထူးခြားကောင်းမွန်ပြီး အဆိပ်အတောက် ကင်းတော့ ဈေးကွက်မှာ လူကြိုက်များ ပြီး ဈေးကွက်ခိုင်ခိုင်မာမာရှိနေတာဖြစ်ပါတယ်''ဟု ကဏန်းပျော့မွေးမြူ ရောင်းဝယ်ရေးလုပ်ငန်းမှ
Operationတာဝန်ယူထားသူ ကိုယုလွင်က ပြော သည်။

မြန်မာနိုင်ငံသည် အရှေ့တောင် အာရှနိုင်ငံများထဲတွင် ကဏန်းအထွက် ရှိဆုံးနိုင်ငံဖြစ်သည့်အပြင် တစ်နှစ်ပတ် လုံး ဖမ်းယူရရှိနေသော ရေထွက်ကုန် ပစ္စည်းလည်းဖြစ်သည်။

ပြည်ပသို့ မြန်မာ့ကဏန်းတင်ပို့ မှုမှ တစ်နှစ်လျှင် ကန်ဒေါ်လာသန်း ၄ဝ ရရှိနေပြီး ပြည်တွင်းဈေးကွက်အ
 နေဖြင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများ ကိုသာ အဓိကတင်ပို့ရောင်းချနေရ ကြောင်း ရေထွက်ကုန်ပစ္စည်းတင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။

မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်စသည့်ဒေသများ၌ က ဏန်းအများဆုံးထွက်ရှိပြီး ပြည်ပတင် ပို့သည့် တခြားရေထွက်ကုန်ပစ္စည်း များနှင့်နှိုင်းယှဉ်လျှင် ဈေးကွက်အခိုင် အမာ ရရှိထားသော ကုန်ပစ္စည်းတစ် မျိုးဖြစ်ကြောင်း သိရသည်။

ဖြူ သစ်လွင် - Yangon Media Group

မှတ်ချက်များ