အန္တရာယ်ကင်းစွာ ဆယ်လ်ဖီရိုက်ရေး လှုပ်ရှားမှုပြုလုပ်


ရုရှားပြည်ထဲရေး ၀န်ကြီးဌာနသည် လုံခြုံမှုရှိသည့် ကိုယ့် ကိုယ်ကိုယ် ဓာတ်ပုံရိုက်ခြင်း “Safe Selfie” ဆိုသည့် လှုပ်ရှားမှုကို စတင်ကာ ပြည်သူများကြား လူမှုမီဒီယာတွင် ဓာတ်ပုံများ တင်ရာ၌ အသက် အန္တရာယ် မဖြစ်စေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

အင်္ဂါနေ့တွင် ၀န်ကြီးဌာနက ကြေညာလိုက်သည့် ထိုလှုပ်ရှားမှုမှာ selfie ရိုက်ရာတွင် ပေါက်ကွဲစေတတ်သည့် မီးရှုးမီးပန်းများ၊ လျှပ်စစ်ဓာတ်ကြိုးများပေါ်တွင် ထိုင်ခြင်းနှင့် သွားနေသည့် ရထား သို့မဟုတ် ကားအရှေ့တွင် ရပ်ခြင်း၊ ခေါင်မိုးပေါ်တွင် ရပ်ခြင်း၊ တောမီးလောင်နေသည့် နောက်ခံနှင့် နီးကပ်စွာနေခြင်း စသည့် အပြုအမူများကို မလုပ်ရန် သတ်မှတ် တားမြစ်ထားသည်။

လှုပ်ရှားမှု အတွက် ဖြန့်ဝေသည့် သတိပေးစာတွင် “လူမှုမီဒီယာပေါ်တွင် Like တစ်သန်းရခြင်းမှာ သင့်အသက်နှင့် ဘ၀အတွက် မထိုက်တန်ပါ” ဟု ရေးသားထားသည်။ ထို့အပြင် ပြည်ထဲရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ယနေ့ခေတ်တွင် နည်းပညာပိုင်း အားသာချက်များ ရှိလာသော်လည်း ထိုအားသာချက်များမှာ စိန်ခေါ်မှု အသစ်များနှင့် ခြိမ်းခြောက်မှု အသစ်များ ဖြစ်ကြောင်း ဆိုသည်။

ရုရှားပြည်ထဲရေး ၀န်ကြီးဌာနသည် ထိုလက်ကမ်း သတိပေးစာများကို လူစည်ကားသည့် နေရာများ၊ စာသင်ကျောင်းများနှင့် အများပြည်သူဆိုင်ရာ အခမ်းအနားများတွင် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။

messenger

မှတ်ချက်များ