ဂရိပါလီမန်ထဲ ငြင်းခုံနေကြသလို အပြင်မှာလည်း အဓိကရုဏ်းဖြစ်နေ

ဆန္ဒပြ သူတွေ ဘက် က ဓာတ်ဆီပုလင်း တွေ လို လက်လုပ်ဗုံး တွေ နဲ့ ပစ်ပေါက် ခဲ့ ကြပြီး
ရဲ ကလည်း မျက်ရည်ယို ဗုံး သုံး ဖြိုခွင်း ခဲ့ ပါတယ်။
အေသင်မြို့ က ဂရိ ပါလီမန် မှာ စီးပွားရေး မူဝါဒ တွေ ပြောင်းလဲ ရေး ကို အတည်ပြု ပေး ရေး နဲ့ ပတ်သက်ပြီး အမတ် တွေ ငြင်းခုံ ဆွေး နွေး နေ ကြ သလို ပါလီမန် အဆောက်အဦ အပြင် မှာလည်း အစိုးရ အသုံးစရိတ် လျှော့ချ ဖြတ်တောက် မှာ မျိုး တွေ လုပ် ဆောင် မလာ ဖို့ ဆန္ဒပြ သူတွေ နဲ့ ရဲ တပ်ဖွဲ့ အကြား အပြန်အလှန် တိုက်ခိုက် မှု တွေ ဖြစ် လာ ခဲ့ ကြ ပါတယ်။

ဆန္ဒပြ သူတွေ ဘက် က ဓာတ်ဆီပုလင်း တွေ လို လက်လုပ်ဗုံး တွေ နဲ့ ပစ်ပေါက် ခဲ့ ကြပြီး ရဲ ကလည်း မျက်ရည်ယို ဗုံး သုံး ဖြိုခွင်း ခဲ့ ပါတယ်။

အာဏာရ ဆီရီဇာ ပါတီ ရဲ့ အမတ် တချို့ က ပြုပြင်ရေး မူ ကို ဆန့်ကျင် နေ ကြ ပေမယ့် အတိုက်အခံ အင်အားစု တွေ ရဲ့ ထောက်ခံ မှု နဲ့ ဝန်ကြီးချုပ် ဆီးပရပ်စ် တင်သွင်း တဲ့ ပြုပြင်ရေး မူ အတည် ဖြစ် သွား နိုင် တယ် လို့ အေသင်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဂရိ ဘဏ္ဍဍာရေး မပြိုလဲ ရအောင် နိုင်ငံတကာ မြီရှင် တွေ ဆီက ချေးငွေ သစ် တွေ ရရှိ နိုင် ဖို့ ဆိုရင် ပြုပြင် ရေး မူ တွေ ကို ဂရိ ပါလီမန် က အတည် ပြု ပေး ရမယ် လို့ ယူရို ငွေကြေး အဖွဲ့ နိုင်ငံ တွေ က တောင်း ဆို ထား တာ ဖြစ် ပါတယ်။

BBC Burmese

မှတ်ချက်များ