အိပ်စက်မှုနည်းခြင်းနှင့် ကင်ဆာရောဂါ ဆက်နွှယ်နေ


ဗြိတိန်နိုင်ငံ ဆေးပညာသုတေ သနကောင်စီမှ ဒေါက်တာမိုက်ကယ် ဟက်စတင်း ဦးဆောင်သောအဖွဲ့က အိပ်စက်မှု နည်းပါးခြင်းနှင့် အိပ်ရေး ဝစေရန် လုံလောက်စွာ မအိပ်စက် ခြင်းသည် ကင်ဆာရောဂါဖြစ်ပွားခြင်း နှင့် ဆက်နွှယ်မှုရှိနေကြောင်း ကြွက် များဖြင့် လေ့လာစမ်းသပ်နိုင်ခဲ့သည်။

အဆိုပါ တွေ့ရှိမှုအစီရင်ခံစာ အား Current Biology မဂ္ဂဇင်းတွင် ပုံနှိပ် ဖော်ပြသွားခဲ့သည်။ သုတေသန ပညာရှင်များက မိသားစုမျိုးရိုးအလိုက် ရင်သားကင်ဆာ ဖြစ်ပွားတတ်သော မိသားစုဝင် အမျိုးသမီးများသည် ည ဆိုင်းအလုပ်များကို မဆင်းသင့်ကြောင်း လည်း လေ့လာသွားခဲ့ပြီး ထပ်မံ၍ လူများနှင့် စမ်းသပ်ကြည့်ရန် လိုအပ် နေသေးကြောင်း ပြောကြားသွားခဲ့ သည်။

ညပိုင်း အလုပ် လုပ်ကိုင်သူများ ကို လေ့လာမှု အများစုတွင် ရင်သား ကင်ဆာကဲ့သို့သော ရောဂါများဖြစ် ပွားနိုင်ကြောင်းကို တွေ့ရှိခဲ့ကြသည်။ သို့သော် အိပ်စက်ချိန် မမှန်ခြင်းကြောင့် ရောဂါများ ဖြစ်ပွားနိုင်သည်ဟူသော အယူအဆမှာ အငြင်းပွားဖွယ်ရာတစ် ခုလည်း ဖြစ်နေခဲ့သည်။

မည်သို့ပင်ဖြစ်စေ ညပိုင်းအလုပ် လုပ်သူများနှင့် ကင်ဆာရောဂါ ဆက် စပ်ခြင် ရှိသည်ဟူသော အယူအဆမှာ တိကျသေချာခြင်း မရှိသေးပေ။ အ ကြောင်းမှာ ကင်ဆာရောဂါဖြစ်ပွားမှု တွင် လူမှုနေထိုင်ရေးပုံစံ ကိုယ်လက် လှုပ်ရှားမှုနှင့် ကိုယ်တွင်း ဗီတာမင် ရရှိမှု အခြေအနေများလည်း ပါဝင် ပတ်သက်နေခြင်းကြောင့် ဖြစ်သည်။

Yangon Media Group

မှတ်ချက်များ