အမျိုးသမီး တစ်ယောက်ရဲ့ ဘဝမှာ တစ်ခါတစ်လေ ငွေများများ ရအောင် ရှာနိုင်သူထက် သူတို့ ဘဝကို ပျော်အောင် ထားနိုင်တဲ့ သူကိုပဲ နှစ်သက်ကြတယ်။ တစ်စုံတစ်ခု ဆိုရင် ပါးစပ်ကနေ မပြောပြဘဲနဲ့ သိုဝှက်ထားလေ့ ရှိသော်လည်း တစ်ခါတစ်ခါ ကြတော့ ပါးစပ်ကနေ တစ်ဖွဖွ စကားများ တတ်ကြသူတွေပေါ့။
စိုးရိမ်စိတ် လွန်ကဲကြသူတွေထဲမှာလည်း သူတို့အပြင် နှစ်ယောက် မရှိဘူးလေ။ သို့ပေမယ့် ပျော်ရွှင်မူကို လိုလားပြီး ဘဝကို ငြိမ်းချမ်းစွာနဲ့ ဖြတ်သန်းလိုကြတယ်။ အနုအရွ အလှအပတွေကို ကြိုက်တတ်ပေမယ့်လည်း ဘဝ ဆင်းရဲ ဒုက္ခ ကြုံရချိန် ရောက်ရင်တော့ ရင်ဆိုင်နိုင်တဲ့ သတ္တိတွေလည်း သူတို့မှာ အပြည့်ရှိပါတယ်။
ပြုစု ယုယတာကို ကြိုက်နှစ်သက်ကြပေမယ့် သူတို့ ကိုယ်တိုင်လည်း အပြုအစု အချော့ စတာလေးတွေကို လိုလားသူတို့ဟာ အမျိုးသမီးတွေပေါ့။ ဝမ်းနည်းတဲ့ အချိန်ငိုမယ် ပျော်ရွှင်တဲ့ ရယ်မယ် စိတ်ချမ်းသာရင် ပြုံးမယ် စတဲ့ အပြုအမူတွေ အပြည့်နဲ့ ဘဝမှာ အမျိုးသမီးတွေ ဖြတ်သန်းနေပါတယ်။
ရိုးရာလေး

မှတ်ချက်များ