ဘရာဇီးလ်အောက် လွှတ်တော်ဥက္ကဌ နိုင်ငံရေး ညွန့်ပေါင်းထဲက ထွက်

ဘရာဇီး ဒီမိုခရက်တစ် လှုပ်ရှားမှု ပါတီ PMDB ကိုလည်း ညွန့်ပေါင်း မဟာမိတ် အဖွဲ့ ထဲ ကနေ
 ခေါ်ထုတ် သွားမယ် လို့လည်း မစ္စတာ ကူးညာ က ပြော။
ဘရာဇီး အောက်လွှတ်တော် ဥက္ကဌ အဖြစ် တာဝန်ယူထား တဲ့ Eduardo Cunha က အခု လက်ရှိ အာဏာရ ဂျီးလ်မား ရူးဆက်ဖ် အစိုးရ နဲ့ နိုင်ငံရေး အရ မဟာမိတ် ပြု ညွန့်ပေါင်း ဖွဲ့ထားတဲ့ အထဲ မပါဝင် တော့ ဘူး ဆိုပြီး ပြောလာ ပါတယ်။

ဒါ့အပြင် သူ ဦးဆောင် တဲ့ နိုင်ငံ ရဲ့ အကြီးဆုံး နိုင်ငံရေး ပါတီ ဖြစ်တဲ့ ဘရာဇီး ဒီမိုခရက်တစ် လှုပ်ရှားမှု ပါတီ PMDB ကိုလည်း ညွန့်ပေါင်း မဟာမိတ် အဖွဲ့ ထဲ ကနေ ခေါ်ထုတ် သွားမယ် လို့လည်း ပြော ပါတယ်။

အဲဒီ့လို မစ္စတာ ကူးညာရဲ့ ခြိမ်းခြောက် မှုဟာ အခု အခြေအနေ မှာ အဝေဖန် အတိုက်အခိုက် ခံရတာ များ နေတဲ့ သမ္မတ ဂျီးလ်မား ရူးဆက်ဖ် ဖို့ရာ အထိနာစေ တဲ့ နောက်ထပ် တိုးနှက်ခံ လိုက်ရ မှု တစ်ရပ် ပဲ ဖြစ်ပါတယ်။

နိုင်ငံ ပိုင် ရေနံ ကုမ္ပဏီ ဖြစ်တဲ့ ပက်ထရိုဘရတ်စ် နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် နေတဲ့ အကျင့်ပျက် ခြစား မှု သတင်း တွေ မှာ သူ့ အနေနဲ့ အပြစ် ရှိသယောင် ပုံဖော် နိုင်ဖို့ သမ္မတ Ms ရူးဆက်ဖ် အစိုးရ အဖွဲ့ နဲ့ ရှေ့နေချုပ် ရော့ဒရီးဂိုး ရာနုထ် တို့ ပူးပေါင်း ကြံစည် နေကြ တယ် လို့ လည်း မစ္စတာ ကူးညာ က ဆို ပါတယ်။

မစ္စတာ ကူးညာ ဟာ ပက်ထရိုဘရတ်စ် နဲ့ ပတ်သက်ပြီး လာဘ်ငွေ အမေရိကန် ဒေါ်လာ ၅ သန်း တောင်းခံ ခဲ့တယ် ဆိုပြီး စွပ်စွဲ ခံနေရ သူ ဖြစ်ပါတယ်။

တကယ်လို့ မစ္စတာ ကူးညာ ရဲ့ PMDP သာ ညွန့်ပေါင်း အဖြစ် ကနေ ထွက်သွားရင် သမ္မတ ရူးဆက်ဖက် ရဲ့ လွှတ်တော် ထဲ အသာစီး ရမှု အခြေအနေ ကနေ ပျက် သွား နိုင် ပါတယ်။

BBC Burmese

မှတ်ချက်များ