ဝေရောစနကျောက်စိမ်းစေတီတော်တွင် ကပ်လှူထားသည့် ကျောက်စိမ်းများမှာ ငွေကျပ်သိန်းပေါင်း သုံးသိန်းသုံးသောင်းကျော် တန်ဖိုးရှိဟု သတ်မှတ်
မန္တလေးမြို့ အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမှူး ကျေးရွာ၊ စစ်ကိုင်း-မြစ်ငယ်ဖြတ်လမ်း ဘေးတွင် တည်ထားသည့် ဝေရော စနကျောက်စိမ်းစေတီတော်မြတ် ကြီးတွင် ကပ်လှူပူဇော်ထားသော ကျောက်စိမ်းများ၏တန်ဖိုးမှာ ကျပ် သိန်း သုံးသိန်းသုံးသောင်းကျော်ရှိ သည်ဟု သတ္တုတွင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်း ရှင်များအသင်းချုပ်မှ သတ်မှတ်ပေး ခဲ့ကြောင်း သိရသည်။
''ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကပဲ ကျွမ်းကျင်ပညာရှင်တွေကနေ လာ ရောက်ပြီးတော့ စေတီတော်ကြီးမှာ ဌာပနာထားတဲ့ ကျောက်စိမ်းတုံး တွေနဲ့ ကပ်လှူပူဇော်ထားတဲ့ ကျောက် စိမ်းတွေရဲ့တန်ဖိုးကို သတ်မှတ်ပေး သွားတာဖြစ်ပါတယ်။ တည်ထားမှု စရိတ်ကတော့ ကျောက်စိမ်းတန်ဖိုး တွေမပါဝင်ဘဲ ငွေကျပ်သိန်းပေါင်း ခုနစ်သောင်းခွဲကျော် ရှိပါတယ်။
သာသနိကအဆောက်အအုံတွေ ထပ်မံတိုးချဲ့တည်ဆောက်ဖို့ မရှိသေး ပေမယ့် ဘုရားဝတ္ထုကံမြေကို တိုးချဲ့ နိုင်ဖို့အတွက် အနီးအနားက မြေ တွေကို ရောင်းမယ့်သူရှိရင် အလှူ ရှင်တွေကို ဖိတ်ခေါ်ပြီး ထပ်မံဝယ် ယူသွားဖို့ရှိပါတယ်။ စေတီတော်ကြီး ကို တည်ထားဖို့အတွက် နှစ်နှစ် ကျော်လောက် အချိန်ယူခဲ့ရသလို ကမ္ဘာက အံ့သြချီးမွမ်းရတဲ့ စေတီ တော်ကြီးဖြစ်ဖို့အတွက် ကျောက် စိမ်းတုံးတွေကို နှစ်ပေါင်း ၃ဝကျော် စုဆောင်းလာခဲ့ရပြီး မြန်မာ့ကျောက် စိမ်းပန်းပုပညာရပ်တွေနဲ့ ပုံဖော်တည် ထားတာပါ''ဟု ဘုရားဒါယကာ ဦးစိုး နိုင်က ပြောသည်။
ထီးတော်တင်လှူပူဇော်ပွဲပြီး သည့်နောက်ပိုင်းမှ စတင်၍ ဘုရားဖူး အရေအတွက်များပြားလာရာ အခါ ကြီးရက်ကြီးများနှင့်ရုံးပိတ်ရက်များ တွင် ဘုရားဖူးတစ်သိန်းကျော်အထိ လာရောက်ကြောင်း၊ စေတီတော် ဘဏ္ဍာတော်အတွက် ဘုရားဖူးများ လှူ ဒါန်းထားသည့် အလှူငွေမှာ တစ် လအတွင်း ကျပ်သိန်းနှစ်ထောင်ကျော် အထိရရှိခဲ့ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေးလုပ်ငန်းများတွင် ပြန်လည် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရ သည်။(ဓာတ်ပုံ-ခွန်စိုင်းအောင်)
KSA - Democracytoday

မှတ်ချက်များ