မွန်ဂိုဘုရင် ဂျင်ဂျစ်ခန်၏ဗီဒီယိုကို ကြည့်ပြီးနောက် ဖမ်းဆီးခံခဲ့ရသော နိုင်ငံခြားခရီးသွားများကို တရုတ်နိုင်ငံမှ နှင်ထုတ်မည်
တရုတ်နိုင်ငံသည် ပြီးခဲ့သော စနေ၊ တနင်္ဂနွေနေ့က နိုင်ငံခြားခရီး သွားကိုးဦး ဖမ်းဆီးခဲ့ရာ ၄င်းတို့ကို နိုင်ငံမှ နှင်ထုတ်မည်ဖြစ်ကြောင်း သိ ရသည်။ ထိုနိုင်ငံခြားသားကိုးဦးထဲမှတချို့သည် ၄င်းတို့၏ ဟိုတယ်ခန်း တွင် မွန်ဂိုနိုင်ငံသားစစ်ဘုရင် ဂျင်ဂျစ် ခန်၏ မှတ်တမ်းဗီဒီယိုကို ကြည့်ခဲ့ သည်ဟု ခရီးသွာများထဲမှ နှစ်ဦး၏ ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ပြောခဲ့သည်။
တောင်အာဖရိကနိုင်ငံသားငါး ဦး၊ ဗြိတိန်နိုင်ငံသားသုံးဦးနှင့် အိန္ဒိ ယတစ်ဦးပါ ခရီးသွားအဖွဲ့သည် တ ခြားသော ခရီးသွား ၁၁ ဦးနှင့်အတူ တရုတ်သို့ ၄၇ ရက်ကြာ သမိုင်းဝင် ခရီးထွက်ခဲ့ခြင်းဖြစ်သည်။ ထိုခရီး သွားအဖွဲ့ထဲမှ တချို့မှာ နိုင်ငံတွင်း တားမြစ်ထားသော အကြမ်းဖက်အဖွဲ့ နှင့် ဆက်စပ်နေသော ဗီဒီယိုကြည့် ခဲ့ကြောင်း တရုတ်အာဏာပိုင်များ က ပြောသည်။
ထိုခရီးသွားများ မည်သည့် ပြစ်မှုကျူးလွန်သည်ကို တရုတ်အာဏာပိုင်များက တိတိကျ ကျမပြောနိုင်ဘဲ ဥပဒေချိုးဖောက် ကြောင်းသာ ပြောခဲ့သည်။ ၁၃ ရာစု မွန်ဂိုစစ်ဘုရင်၏ ဗီဒီယိုက အထင် လွဲမှားမှုဖြစ်စေခြင်းဖြစ်မည်ဟု ခရီး သည်နှစ်ဦး၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။ ထိုခရီးသွားအဖွဲ့သည် ဖမ်းဆီးမခံရမီတစ်ရက်က ဂျင်ဂျစ်ခန် ဂူဗိမာန်သို့လည်း အလည်အပတ် သွားခဲ့ကြောင်း သိရသည်။
တရုတ်အာဏာပိုင်များက ဂျင် ဂျစ်ခန်၏ဗီဒီယိုကို ကြည့်ခွင့်မပေး သည့်အကြောင်းအရင်းကို မသိ ရသော်လည်း တရုတ်အစိုးရသည် လွန်ခဲ့သောနှစ်များက လူမျိုးရေးတင်း မာမှုဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ဆတ်ဆတ်ထိမခံဖြစ်နေသည်။
အာ ဏာပိုင်များသည် မွန်ဂိုလူမျိုးစုတို့၏ အခွင့်အရေးတောင်းခံသူများကို ဖြို ခွင်းခြင်းနှင့် ထင်ရှားသော မွန်ဂိုလူ မျိုးစုအတိုက်အခံကို ဖမ်းဆီးခဲ့သည်။ တရုတ်သည် ယခုသီ တင်းပတ်တွင် ခရီးသွားအဖွဲ့ထဲမှ ၁၁ ဦးကို နိုင်ငံမှ နှင်ထုတ်မည်ဖြစ်ပြီး တခြားကိုးဦးကို နောက်ရက်အနည်းငယ်တွင် နိုင်ငံမှ နှင်ထုတ်မည်ဟု ခန့်မှန်းရသည်။
MMA - Democracytoday

မှတ်ချက်များ