ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးပြည်နယ်/တိုင်းသုံးခုတွင် ရန်ကုန်တိုင်းဒေသကြီးလည်းပါဝင်နေ


ရန်ကုန်မြို့တော်စည်ပင် သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ် ၄၅ မြို့နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၂၃၁ဦးရှိပြီး သေဆုံးသူ ၁၃ ဦးထိရှိဟုဆို
ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးပြည်နယ်/တိုင်းသုံးခုတွင် ရန်ကုန်တိုင်းဒေသကြီးလည်းပါဝင် နေကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ကျန်းမာရေး ဌာနမှ ဒေါက်တာကောင်းစံက ပြော သည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအ များဆုံးဒေသမှာ တနင်္သာရီတိုင်း ဒေသကြီးဖြစ်ပြီး ဒုတိယအများဆုံး မှာ မွန်ပြည်နယ်ဖြစ်ကာ ရန်ကုန် တိုင်းဒေသကြီးမှာ တတိယအများ ဆုံးဖြစ်နေကြောင်း၊ လက်ရှိတွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေးနယ် နိမိတ်အတွင်းရှိ မြို့နယ် ၄၅ မြို့ နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွား သူ ၂၂၃၁ ဦးရှိပြီး၊ သေဆုံးသူ၁၃ဦး ထိ ရှိနေကြောင်းသိရသည်။

''ဒီနှစ်ထဲမှာဆိုရင် ရန်ကုန်တိုင်း ကတတိယသွေးလွန်တုပ်ကွေးအ ဖြစ်များဆုံးနေရာမှာရှိနေပါတယ်။ မြို့နယ်တွေမှာရှိတဲ့လူဦးရေအနည်း အများပေါ်မူတည်ပြီးအဖြစ်များကြ တယ်။ မင်္ဂလာဒုံမြို့နယ်မှာဆိုရင် သေဆုံးသူဟာ လေးဦးလောက်အ ထိရှိနေတယ်''ဟု ယင်းကပြောသည်။

အဆိုပါသွေးလွန်တုပ်ကွေး ဖြစ် ပွားမှုများထဲတွင် မင်္ဂလာဒုံမြို့နယ် သည် ဇူလိုင် ၁ဝ ရက်အထိ ရောဂါ ဖြစ်ပွားသူ ၁၃၂ ယောက်တွင် လေး ယောက်သေဆုံးလျက်ရှိပြီး၊ အရှေ့ ဒဂုံတွင် ၁၃၇ ဦး၊ သေဆုံးသူမရှိ၊ ဒဂုံတောင်ပိုင်းတွင်ဖြစ်ပွားသူ ၁၃၅ ဦး၊ သေဆုံးသူတစ်ဦး၊ လှိုင်သာယာ မြို့နယ်တွင် ၁၃၅ ဦး၊ သေဆုံးသူတစ် ဦးနှင့် ဒလမြို့နယ်တွင် ဖြစ်ပွားသူ ၁၂ဝ ဦး၊ သေဆုံးသူတစ်ဦးရှိကြောင်း ယင်းက ဆက်လက်ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါသည် တစ်နှစ်ပတ်လုံးဖြစ်တတ်သော ရော ဂါဖြစ်ပြီး၊ မိုးရာသီတွင်ပိုမိုအဖြစ် များတတ်သောရောဂါဖြစ်ကြောင်း နှင့်သွေးလွန်တုပ်ကွေးကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က သာမန်သွေးလွန် တုပ်ကွေး (uncomplicated dengue infection) နှင့် ပြင်းထန်သွေးလွန် တုပ်ကွေး (severe dengue hemorrhagic fever)) ဟူ၍ ခွဲခြားထား ကြောင်းလည်း သိရသည်။

အဆိုပါရောဂါမှာ အသက်သုံး နှစ်မှ ရှစ်နှစ်အရွယ်ရှိ ကလေးများ တွင် ပိုမိုဖြစ်ပွားလျက်ရှိသည့်အပြင် အသက် ၁၂ နှစ်အောက်ကလေးများ၊ အသက် ၁၂ နှစ်အထက် ကလေး များနှင့် လူကြီးအချို့တွင်လည်းဖြစ် ပွားလျက်ရှိသည်။

ယင်းသို့ သွေးလွန်တုပ်ကွေး စတင်ဖြစ်ပွားပါက နှစ်ရက်မှ ခုနစ် ရက်အတွင်း အပြင်းဖျားခြင်း၊ ပျို့ အန်ခြင်း၊ ကိုယ်ခန္ဓာတွင် အနီစက် များထွက်ပေါ်လာခြင်း၊ ဖျားနေစဉ် သုံးရက်မှ ငါးရက်အတွင်းသွေးလန့် ခြင်းလက္ခဏာများဖြစ်ပေါ်နိုင်ပြီး၊ အသက်သေဆုံးသည်အထိဖြစ်နိုင် ကြောင်း သိရသည်။

PPP - ‎Democracytoday‬

မှတ်ချက်များ