ဘုရင့်နောင်မင်းတရားကြီး တည်ဆောက်ခဲ့သည့် ပဲခူးမှ ကမ္ဘောဇသာဒီ ရွှေနန်းတော်အား အကြီးစားပြင်ဆင်မှုများ ယခုနှစ်အတွင်း စတင်မည်ဟုဆို
ပဲခူးတိုင်းဒေသကြီးအ တွင်းရှိ ဒုတိယမြန်မာနိုင်ငံတော်ကို ထူထောင် ခဲ့သော ဘုရင့်နောင်မင်းတရားလက်ထက်တော် ကတည်းက တည်ဆောက်ခဲ့သည့် ကမ္ဘောဇ သာဒီရွှေနန်းတော်ကြီးကို ယခုနှစ်အတွင်း အ ကြီးစားပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း ပဲခူးတိုင်းဒေသကြီး ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့မှသိရသည်။
ယခုနှစ် နှစ်စပိုင်းမှစ၍ လက်ရှိ အချိန်အထိ ကမ္ဘောဇသာဒီရွှေနန်းတော်သို့ လာရောက်လေ့လာသည့်နိုင်ငံများအနက် ထိုင်း ခရီးသွားဧည့်သည် သိသိသာသာများပြားလာ ပြီး လက်ရှိတွင် အဆိုပါရွှေနန်းတော်ကြီးကို အကြီးစားပြင်ဆင်မှုများပြုလုပ်ရန် ပြည်တွင်း ကုမ္ပဏီများကို တင်ဒါဖိတ်ခေါ်ထားကာ မကြာ မီ တင်ဒါရွေးချယ်သွားမည်ဟု သိရသည်။
''ရွှေနန်းတော်ကြီး ပြင်ဆင်မှုကို ဒီနှစ်ထဲမှာ အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်နေပါတယ်။ စိတ်ဝင်စားတဲ့ကုမ္ပဏီ တွေကို တင်ဒါရွေးချယ်ပြီး လုပ်ငန်းအမြန်ဆုံး လုပ်မှာပါ။ ပြန်လည်ပြင်ဆင်မယ်ဆိုပေမယ့် ရှေးလက်ရာမပျက်အောင် ပြုပြင်သွားမှာပါ။ နန်းတော်ကို ပြည်တွင်း၊ပြည်ပက လာရောက် လည်ပတ်ကြတဲ့သူတွေလဲ အရင်ကထက်များ လာတယ်။ အဲဒီထဲမှာမှ ပြည်ပနိုင်ငံက ထိုင်း လူမျိုးတွေလာတာတအားများတယ်။ တစ်နေ့ ကို အယောက် ၂ဝဝလောက်အထိ ရှိမယ်ထင် တယ်''ဟု ရှေးဟောင်းယဉ်ကျေးမှုအမွေအ နှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။
''ပဲခူးက ရန်ကုန်နဲ့လဲနီးတော့ ပြည် တွင်းကဆိုရင် ရန်ကုန်ကလာတာ ပိုများတယ်။ အဓိကကတော့ နန်းတော်ကို လာလေ့လာကြ တယ်။ ပြီးတော့ မွေဘုရားတို့၊ ဘာတို့ လာဖူး ကြတယ်။ နွေရာသီကတော့ ပိုများတယ်။ အခု မိုးတွင်းဘက် ဖြစ်နေပေမယ့် ဧည့်သည်အဝင် ကတော့ မပြတ်ဘူး။ ဧည့်သည်အဝင်များတော့ ဒေသက ဈေးသည်တွေနဲ့ ဆိုင်ကယ်ကယ်ရီ သမားတွေအတွက်ရော အဆင်ပြေတယ်'' ဟု ပဲခူးနန်းတော်ရာရပ်ကွက်မှ ဆိုင်ကယ်ကယ်ရီ မောင်းသူကိုအောင်တိုးက ပြောသည်။
အဆိုပါ ရွှေနန်းတော်ဝင်းကြီးတွင် အေဒီ ၁၅၅၁-၁၅၈၁နှစ်ကာလအတွင်းက ဘုရင့်နောင်မင်းတရားကြီး တည်ဆောက်ခဲ့ သည့် ကမ္ဘောဇသာဒီရွှေနန်းတော်နှင့်အတူ ဘမရာသနပလ္လင်တော်ဆောင်ကိုပါ ပြုပြင်မှု များပြုလုပ်သွားမည်ဖြစ်သည်။ ယင်းနန်းတော် ရာ၌ ကျန်ရှိနေသော ရှေးဟောင်းအမွေအနှစ် များကို ၁၉၉၂ ခုနှစ်ခန့်က ပြန်လည်တူးဖော် ခဲ့ရာ တူးဖော်တွေ့ရှိခဲ့သည့် သစ်တုံး၊ သစ်လုံး များနှင့် အသုံးအဆောင်ပစ္စည်းများကို ရွှေနန်း တော်အတွင်းသို့ လာရောက်လေ့လာသူများ ဗဟုသုတရရှိစေရန် ပြသထားသည်။
နွယ်ဇင် - FlowerNewsJournal

မှတ်ချက်များ