တက္ကသိုလ်အချက်အလက်တွေ အများကြီးပေးခဲ့တဲ့ ပညာရေးပွဲတော်
အမေရိကန်၊ ယူကေ၊ သြစတြေးလျ၊ စင်ကာပူ၊ မလေးရှား စတဲ့ နိုင်ငံတွေက ပညာရေးအဖွဲ့အစည်းပေါင်း ၂ဝ ကျော် လာရောက်ပြသကြတဲ့ ပညာရေးပွဲတော်တစ်ခုကို Smart Resources - SR က ဦးဆောင်ပြီး ဇူလိုင် ၁၈ရက်က Park Royal ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
လာရောက်ပြသကြတဲ့အထဲက အဖွဲ့အစည်း ၃ခုလောက်ဟာ ယူကေ၊ အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတွေက ကျောင်းတွေအများကြီးကို ကိုယ်စားပြုတာကြောင့် ကျောင်း ၁၅ဝ လောက်ရဲ့ အချက်အလက်တွေ ရနိုင်တယ်လို့ ပြောပါတယ်။
လက်ရှိ နိုင်ငံတကာကျောင်းတွေက ပညာသင်ဆု ပံ့ပိုးမှုတွေ အများကြီးရှိလာတဲ့အပြင် ပညာရှင်တွေလိုအပ်နေတဲ့ ကိုယ့်နိုင်ငံကိုပြန်လာပြီး အကျိုးပြုနိုင်တာကြောင့် ကျောင်းသားတိုင်းကို လျှောက်စေချင်တယ်လို့ မသဇင်အောင်က ပြောပါတယ်။
ဗဟုသုတရှိဖို့အတွက် လူငယ်တွေကို စာများများဖတ်စေချင်သလို နိုင်ငံခြားမှာ ကျောင်းတက်ချင်တဲ့လူငယ်တွေ အင်္ဂလိပ်စာကောင်းအောင် ကြိုးစားဖို့လိုပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင်လုပ်ရမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးဟာ အများကြီးနောက်ကျကျန်နေတာကြောင့် ပိုကြိုးစားဖို့လိုတယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာလည်း အတွေ့အကြုံရှိတဲ့ ပရော်ဖက်ဆာတွေ လာရောက်ပြီး Engineering ၊ Banking ၊ Finance နဲ့ IT စတဲ့ကဏ္ဍတွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
kamayutmedia

မှတ်ချက်များ