ဆိုမာလီတွင် အယ်လ်ရှာဘတ်တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၃၂ ဦးရှိ
ဆိုမာလီနိုင်ငံတောင်ပိုင်း ရက်ဆယ်လီခရိုင်၌ အာဖရိကသမဂ္ဂတပ်များနှင့် အစ္စလာမ္မစ်အုပ်စု အယ်လ် ရှာဘတ်တို့အကြား တနင်္လာနေ့က တိုက်ပွဲများ ဖြစ်ပွား ခဲ့ရာ စစ်သွေးကြွ၂၅ ဦးအပါအဝင် စုစုပေါင်း ၃၂ ဦး သေဆုံးသွားကြောင်း ဒေသတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါခရိုင်ကို အယ်လ်ရှာဘတ်စစ်သွေးကြွများ က တိုက်ခိုက်လာခြင်းအပေါ် အစိုးရတပ်များနှင့် အေယူတပ်များက ပြန်လည်တိုက်ထုတ်ခဲ့စဉ် တိုက်ပွဲ များ ပြင်းထန်စွာဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ရက်ဆယ်လီ မြို့တော်ဝန် ယူဆွပ်ဟာဂျီမိုဟာမက်က ပြောသည်။
နှစ်နာရီခွဲကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားစဉ်မှာ အစိုးရတပ်ဖွဲ့ဝင် ငါးဦးနှင့် အရပ်သားနှစ်ဦး သေဆုံး ခဲ့ကြောင်း ဟာဂျီမိုဟာမက်က ဆင်ဟွာသို့ ပြောသည်။
ဒဒကျွန်တော်တို့အနေနဲ့ တိုက်ပွဲမှာ စစ်သွေးကြွ ၂၅ ဦးကို သုတ်သင်နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အစိုးရတပ်တွေက ထိန်းချုပ်နိုင်ပါပြီဟု အဆိုပါ မြို့တော်ဝန်က ပြောသည်။ တိုက်ပွဲက အတော်လေး ပြင်းထန်ပါတယ်။ သေဆုံးတဲ့သူတွေထဲမှာ အရပ်သားတွေ လည်း အများအပြား ပါဝင်ပါတယ်ဟု ဒေသခံ ဂျယ်လီ ဝါဆိန်းက ဆင်ဟွာသို့ ပြောသည်။
အဆိုပါတိုက်ပွဲသည် နံနက်အစောပိုင်းတွင်ဖြစ်ပွား ပြီးနောက် ဒေသခံအများအပြား နေအိမ်များကို စွန့်ခွာ ထွက်ပြေးကြရသည်ဟု ဆိုသည်။
အယ်လ်ရှာဘတ်သည် အယ်လ်ခိုင်ဒါ၏ မဟာမိတ် ဖြစ်ပြီး ဆိုမာလီအစိုးရကို တိုက်ခိုက်နေသောအဖွဲ့ဖြစ် သည်။ ဆိုမာလီအပြင် အိမ်နီးချင်း ကင်ညာနိုင်ငံတွင်လည်း တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။
Myanmaalinn

မှတ်ချက်များ