ခွဲခြားဆက်ဆံတယ်လို့ စွပ်စွဲခံရမှုအပေါ် ဟွန်ဒါက ဒေါ်လာ၂၄ သန်းလျှော်


ဟွန်ဒါကားကုမ္ပဏီရဲ့ အမေရိကန် အရောင်းဌာနခွဲက လူနည်းစုကားဝယ်သူတွေကို နှိမ့်ချဆက်ဆံတယ်လို့ စွပ်စွဲခံရပြီးတဲ့နောက် ကားဝယ်သူတွေကို ဒေါ်လာ ၂၄ သန်းလျှော်ကြေးပေးဖို့ ဟွန်ဒါကုမ္ပဏီက သဘောတူလိုက်ပါတယ်။

အမေရိကန် လူမည်းတွေ စပိန်နွယ်ဖွားတွေနဲ့ တခြားလူနည်းစုတွေကို ပိုမြင့်မားတဲ့ အတိုးနှုန်းတွေ သတ်မှတ်ဖို့ ကားရောင်းသမားတွေကို ဟွန်ဒါက ခွင့်ပြုခဲ့တယ်လို့ အမေရိကန် တရားရေးဌာနက ပြောပါတယ်။

ရောင်းဈေးသတ်မှတ်မှုတွေကို ပြန်ထိန်းညှိဖို့၊ ကားရောင်းသူတွေနဲ့ သေချာလက်တွဲ လုပ်ကိုင်သွားမယ့်အကြောင်းနဲ့ သူတို့ကိုယ်တိုင်လည်း ဒီလိုခွဲခြားဆက်ဆံတာတွေကို ဆန့်ကျင်ပါကြောင်း ဟွန်ဒါကားကုမ္ပဏီဘက်က ထုတ်ပြန်ခဲ့ပါတယ်။

BBC Burmese

မှတ်ချက်များ