ရင်သပ်ရှုမောဖွယ် စွန့်စွန့်စားစား ကကွက်သရုပ်ဖော် (ဓာတ်ပုံ)
ကယ်လီဖိုးနီးယားပြည်နယ်၊ ယိုဆယ်မတီ အမျိုးသားဥယျာဉ်ထဲက ၀က်တ်ကင်တောင်စောင်းမှာ ဘန်ဒလု(ပ်) အမည်ရတဲ့ သရုပ်ပြအဖွဲ့ရဲ့ ရင်သပ်ရှုမောဖွယ် စွန့်စွန့်စားစား ကကွက်သရုပ်ဖော် ဓာတ်ပုံတွေကို စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။
အကသရုပ်ဖော်သူတွေဟာ အမြင့်ပေ ၃၀၀၀ လောက်ရှိတဲ့ တောင်စောင်းပေါ်မှာ ကေဘယ်လ်တွေ အသုံးပြုပြီး လေထဲမှာ လမ်းလျှောက်ပုံ သရုပ်ဖော်ပြကွက်တွေကို ပြသခဲ့ကြတာပါ။
ဒီအကအဖွဲ့ အကသရုပ်ဖော်တာဟာ မြေပြင်ပေါ်မှာတင် ကန့်သတ်ထားတာ မဟုတ်ကြောင်း သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။(ဓာတ်ပုံ – CCTVNews)
DVB




မှတ်ချက်များ