ကော်ပီလုပ်ဖို့ မရှိဘူးဆိုတဲ့ ၀ိုင်းစုခိုင်သိန်း



သရုပ်ဆောင်၊ အဆိုတော် ၀ိုင်းစုခိုင်သိန်းက သီချင်းခွေထုတ်တဲ့အခါမှာ ကော်ပီတွေကိုမလုပ်ဘဲ ကိုယ်ပိုင်သံစဉ်သာ လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ကော်ပီတွေနဲ့ လုပ်ရတာဟာ သူ့ဝါသနာ မဟုတ်ကြောင်းလည်း ဆက်ပြောခဲ့ပါတယ်။ “ပရိသတ်လည်း သိကြမှာပါ။ ညီမ သီချင်း တော်တော်များများက ကိုယ်ပိုင်သံစဉ် များတယ်။ ဒါက ပရိသတ်ကို ၀ိုင်းစုဘက်က ချပြတဲ့ မေတ္တာ၊ စေတနာပါ။ နောက်ပြီး သူများတွေဆိုပြီးသား သီချင်းတွေကို ကော်ပီလုပ်တာကို ၀ိုင်းစု ဘယ်တုန်းကမှ ၀ါသနာ မပါခဲ့ပါဘူး။

ဝိုင်းစုသီချင်းတွေက သံစဉ်စာသား နည်းနည်း ဆင်လိမ့်မယ်။ အခြား ဘယ်သီချင်းကိုမှ ကော်ပီမလုပ်ထားဘူး။ နောက်ပိုင်းလည်း ၀ိုင်းစု ဘက်ကနေ ပရိသတ်ကို မူပိုင် သီချင်းသစ်လေးတွေပဲ ပေးဖို့ကို ၀ိုင်းစု ပြင်ဆင်ထားပါတယ်” လို့ ပြောပါတယ်။ နောက်ဆုံးထွက်ရှိထားခဲ့တဲ့ “ခါချ နေရတယ်”စုံတွဲအခွေကိုလည်း အကောင်းဆုံး ပေးခဲ့တာဖြစ်လို့ ပရိသတ်တွေကလည်း လက်ခံ အားပေးခဲ့တယ်လို့ ၀ိုင်းစုက ပြောပါတယ်။

messenger

မှတ်ချက်များ