မိမိကို အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ကူးစေလို့ ချစ်သူအမျိုးသမီးအား ရိုက်သတ်ခဲ့တဲ့ အမျိုးသား ထောင်ဒဏ်တစ်သက်ချမှတ်ခံရ
အမေရိကန်ကအမျိုးသမီးတစ်ဦးဟာ သူမကိုယ်တိုင် အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ် ရှိနေတာ သိတဲ့အပြင် သူမရဲ့ချစ်သူအမျိုးသားကိုပါ ထပ်မံ ကူးစက်စေ ခဲ့တဲ့နောက် ချစ်သူအမျိုးသားရဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒီ့အတွက် North County တစ်ခုက အဲ့အမျိုးသားကို ပြည်နယ်အကျဉ်းထောင်ကနေ ပြီးခဲ့တဲ့လကုန်က အနည်းဆုံး ထောင်ဒဏ် ၂၆ နှစ်ကနေ ထောင်ဒဏ်တစ်သက်အထိ ချမှတ်ခဲ့ပါတယ်။
အသက် ၅၅ နှစ် ရှိ ကာ့က်လီယွန်စတပ်လီတန်ဟာ အသက် ၄၇ နှစ်ရှိ ဟွမ်နီတာကာဝက်ရှ်ကို သတ်ဖြတ်မှုအတွက် ၂၀၁၃ ခုနှစ်ကတည်းက တရားရင်ဆိုင်လာခဲ့တာပါ။
ကာဝက်ရှ်ဟာ ဒီရောဂါပိုးကို ဘယ်လို ကူးစက်လာတယ်ဆိုတာ မသိရသေးပါဘူး။ စတပ်လီတန်ဟာ ကာဝက်ရှ်ကို ၂၀၁၃ ခုနှစ် သြဂုတ် ၁၈ ရက်မှာ ရိုက်သတ်ပြီးတဲ့နောက် ပလတ်စတစ်၊ တခြားအမှိုက်စတွေနဲ့ ဖုံးပတ်ကာ North Santa Fe ရိပ်သာ ရှော့ပင်စင်တာတစ်ခုရဲ့ အမှိုက်ပုံးနောက်မှာ ပစ်ထားခဲ့တာဖြစ်ပါတယ်။
ဖိုးသူတော်

မှတ်ချက်များ