ကိုယ်ခံပညာပေါင်းစုံပွဲစဉ်မြင်ကွင်း
လိုက်ဝိတ်တန်းတွဲဆိုင်းဖြစ်သည့် စောလဒိုးနှင့် စောအယ်လေးတို့ပွဲတွင် စောအယ်လေးအနိုင်ရခဲ့သည်။
လိုက်ဝိတ်တန်း ပွဲစဉ်များကို ဆီမီးဖိုင်နယ်မှ စတင်ယှဉ်ပြိုင်ခဲ့ရာ စောသဲဦးနှင့် သွေးသစ်အောင်ပွဲစဉ်တွင် သွေးသစ်အောင်က လျင်မြန်သည့် ထိုးသတ်ဟန်ဖြင့် စောသဲဦးကို အနိုင်ယူခဲ့သည်။ စောဘဦး- ဒေါနအောင်ပွဲတွင် ဒေါနအောင်က စောဘဦး၏ ခေါင်းကို ချုပ်နိုင်ခဲ့သော်လည်း စောဘဦးက လွတ်အောင်ဖြည်၍ ဒေါနအောင်ကို လက်သီးတွဲလုံးများသုံးကာ ဖြိုနိုင်ခဲ့သည်။
သွေးသစ်အောင်နှင့် စောဘဦးတို့ ဗိုလ်လုပွဲစဉ်တွင် သွေးသစ်အောင်က ညာဝိုက်၊ ဘယ်ထောင့်လက်သီးတွဲလုံးဖြင့် စောဘဦးကို အနိုင်ယူကာ ဖယ်သာဝိတ်တန်း ချန်ပီယံဖလား ဆွတ်ခူးနိုင်ခဲ့သည်။
ဖယ်သာဝိတ်ပွဲစဉ်အဖြစ် ကစားခဲ့သည့်ကြယ်စင်ထူးနှင့် ဖိုးသော်တို့ပွဲစဉ်တွင် အပြန်အလှန် ချုပ်မိနေခဲ့ပြီး ဖိုးသော်၏ လက်သီးချက်ကြောင့်ကြယ်စင်ထူး မျက်ခွံကွဲခဲ့သည့်အတွက် ဖိုးသော် အနိုင်ရခဲ့သည်။
ဖယ်သာဝိတ်ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ခဲ့သည့် သပြေညို - လှစ်လှစ်လေးပွဲတွင် ၀ါရော၊ ထိုးလုံးသတ်ပုံပေါက် အပြတ်သာသည့် သပြေညိုက ပွဲစတည်းကတည်း တရပ်စပ် တိုက်စစ်ဆင် ကစားခဲ့သည်။ ထို့နောက် လှစ်လှစ်လေး လဲကျသွားချိန်တွင် သပြေညိုက ခြေကန်ချက်များ အသုံးပြုတိုက်ခိုက်ခဲ့ပြီး သပြေညို၏ လက်သီးတွဲလုံးများကြောင့် လှစ်လှစ်လေး ရှုံးနိမ့်ခဲ့သည်။ မျိုးမာန်သစ်နှင့် မင်းထက်ဇော်တို့ပွဲစဉ်တွင် မျိုးမာန်သစ်အနိုင်ရခဲ့သည်။
ဗိုလ်လုပွဲတွင် သပြေညိုနှင့် မျိုးမာန်သစ်တို့ တွေ့ဆုံခဲ့ရာ ဖွင့်ထိုးခဲ့ကြခြင်းကြောင့် နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် လက်သီးမိုး ရွာခဲ့သော်လည်း မာဂုဏ်ပိုမြင့်သည့် သပြေညိုက ဖိထိုးခဲ့ပြီး မျိုးမာန်သစ် လဲကျသွားချိန်တွင် သပြေညိုက ညာလက်သီး သုံးချက်ပစ်သွင်းပြီး ပွဲသိမ်းနိုင်ခဲ့သည်။
ဘင်တန်ဝိတ်တန်း တွဲဆိုင်းဖြစ်သည့် လက်ရှိချန်ပီယံ ဘီဘီယာနိုဖာနန်ဒက်စ်နှင့် တိုနီတာရူးတို့ပွဲတွင် နှစ်ဦးစလုံးအပိုင်ချုပ်မိရေးကိုသာ ဦးစားပေးခဲ့ပြီး ဖာနန်ဒက်စ်က တာရူးကို အပိုင်ပိုချုပ်နိုင်ခဲ့သည်။ တတိယအချီတွင် ဖာနန်ဒက်စ်၏ ညာလက်သီးချက်ကြောင့် တာရူး ရှုံးနိမ့်ခဲ့သည်။
Nz ရိုးရာလေး








မှတ်ချက်များ