သက်သာ လွယ်ကူမှု အရှိဆုံး ငရုတ်သီးအစေ့ထုတ်နည်း


ပူစပ်တဲ့ ငရုတ်သီးတွေ ကိုင်ရတာ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အလွန်အမင်း ပူစပ်တဲ့ အသားလွှာတွေနဲ့ အစေ့တွေ ထုတ်ရင် သတိထားသင့်ပါတယ်။ တစ်ချက် မှားလုပ်လိုက်မိပြီးဆိုတာနဲ့ လက် သို့မဟုတ် မျက်နှာကို နို့ထဲ စိမ်ရပါလိမ့်မယ်။

ငရုတ်သီး အစေ့ထုတ်နည်း အများစုမှာတော့ ငရုတ်သီးကို အရှည်လိုက် လှီးခြမ်းခိုင်းတတ်ပါတယ်။ နောက်တော့ အခွံနွာဓားဖြင့် အစေ့နဲ့ ရိုးတံတွေကို ဖယ်ထုတ်ဖို့ တင်ပြထားပါတယ်။ သို့သော် ပိုမိုလျင်မြန်လွယ်ကူပြီး အန္တရာယ်လည်း ပိုနည်းတဲ့ နည်းလမ်း တစ်ခုရှိပါတယ်။ ဒီ့ပြင် ငရုတ်သီးတောင့်တစ်ခုလုံးကို မူလ ပုံစံမပျက်ရှိစေပါတယ်။

(၁) ငရုတ်သီးထိပ်ကို လှီးထုတ်လိုက်ပါ။

(၂) လက်ဖက်ရည်ဇွန်းတစ်ခု (လက်ဖက်ရည်ဇွန်း (သို့) အဲ့ထက်သေးတဲ့ဇွန်း) ဖြင့် အထဲထိထိုးသွင်းပြီး ငရုတ်သီးစိမ်းအတွင်းမှ အလွှာနဲ့ အစေ့တွေကို ကော်ထုတ်ရပါမယ်။

(၃) လှည့်ပြီး ကော်ခပ်ကာ ပါလာတဲ့ အစေ့နဲ့အသားလွှာအားလုံးတို့ကို ပစ်ထုတ်ရပါမယ်။

(၄) အထဲမှ အစေ့နဲ့ အသားလုံးအားပြောင်အောင် ထုတ်ပြီးတာနဲ့ ပါးပါးလေးလှီးပြီးဖြစ်စေ၊ အတုံးလိုက် ဖြင့်ဖြစ်စေ လိုသလိုအသုံးပြု နိုင်ပါပြီ။

Victor.PaaTung - Trend Myanmar

မှတ်ချက်များ