သင့်တော်မှန်ကန်တဲ့ ဖူးစာရှင် ရှာဖွေနည်း (၃) သွယ်


မိမိ ထာဝရ လက်တွဲချင်သူကို ရွေးချယ်တာဟာ တကယ်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်လက်တွဲမယ့်သူဟာ အမြော်အမြင်၊ တာဝန်သိတတ်ခြင်းနဲ့ ရိုးသားဖြောင့်မတ်မှုတွေ လိုအပ်ပါတယ်။ ဒီလိုဖူးစာရှင်အစစ်ကို ရှာတွေ့ပြီဆိုတာနဲ့ ကြိုးစားခဲ့သမျှ တန်သွားပါလိမ့်မယ်။ တစ်သက်လုံး ပျော်နိုင်နေပြီလေ။ သင့်တော်မှန်ကန်တဲ့ သင့်ဖူးစာရှင်ကို ရှာတွေ့လိုရင် အောက်ပါအချက်တို့ကို လိုက်နာပါ။

(၁) သဘောထားကြီးကြီးထားပါ။ သင့် ပုံစံ၊ အဆင့်အတန်းနဲ့ အံကိုက်ဖြစ်မယ့် သူကို လိုက်ရှာမနေပါနဲ့။ အရပ်ထောင်ထောင်မောင်းမောင်း၊ အသားညှိပြီး ရုပ်ချောချောဖြစ်မယ့်အစား လက်စသတ်တော့ သင့်အကောင်းဆုံး လက်တွဲဖော်က အရပ်ပုပုတစ်ဦး ဖြစ်နေနိုင်တယ်။

(၂) အတိတ်က အချစ်အကြောင်းတွေ ခေါက်ထားလိုက်ပါ။ လက်ရှိ အလားအလာရှိနေတဲ့ လက်တွဲဖော်တွေကို အရင်ချစ်သူဟောင်းတွေနဲ့ အကောင်းနဲ့ အဆိုး နှိုင်းယှဉ်တာ နောက်အသစ် တစ်ဦးနဲ့ ရှေ့ဆက်လက်တွဲဖို့ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

(၃) ကိုယ်ကိုယ်တိုင် ထွက်ရှာရပါမယ်။ တီဗွီရှေ့မှာ ထိုင်နေလို့တော့ မိမိဖူးစာရှင်အစစ်နဲ့ တွေ့မှာ မဟုတ်ပါဘူး။ မိမိကိုယ်ကိုယ် အခွင့်အရေးအရစေဖို့ လာဖိတ်သူမှန်သမျှ လက်ခံတွေ့ဆုံရပါမယ်။

Victor.PaaTung - Trend Myanmar

မှတ်ချက်များ