ကားလှလှလေးတွေ ကြိုက်တဲ့ ၀င့်ယမုံလှိုင်


သရုပ်ဆောင် ၀င့်ယမုံလှိုင်က ကားလှလှလေးတွေ ကြိုက်တတ်ပြီးတော့ ကားလှလှလေးတွေကို မြင်ရင် မကြည့်ဘဲ မနေနိုင်ဘူးလို့ ပြောပြခဲ့ပါတယ်။ အထူးသဖြင့် ပြိုင်ကား လှလှလေးတွေဆို ပိုသဘောကျတယ်လို့ ပြောပါတယ်။

“ကားကတော့ ကိုယ်တိုင် မမောင်းဖြစ်ပါဘူး။ အလုပ်နဲ့ဆိုတော့ ဒရိုင်ဘာနဲ့ပဲ သွားဖြစ်တယ်။ ကားလှလှလေးတွေ ကိုတော့ စိတ်ဝင်စားပါတယ်။ ပြိုင်ကားလှလှတွေကို ကြိုက်တယ်။ BMW လေးတွေကိုတွေ့ရင် လိုက်ကြည့်ဖြစ်တယ်။ အရမ်းကြီး Crazy ဖြစ်ပြီးတော့ ကြိုက်တာတော့ မဟုတ်ဘူးပေါ့နော်။ ကြိုက်တော့ ကြိုက်တယ်။ ကားအရောင်လေး လှတာတို့၊ ကားပုံစံလေးတွေ လှတာတို့ပေါ့။ တချို့ဆို ကားတွေက မမြင်ဘူးတဲ့ ကားလေးတွေလည်း ရှိတယ်လေ။ ဒီမှာမြင်နေကျ မဟုတ်တဲ့ ကားပုံစံလေး တွေပေါ့။ အခုက ကားတွေက များလာပါတယ်။ ကားလှလှလေးတွေဆို လိုက်လိုက် ကြည့်တာတော့ အမှန်ပဲ။ အကျင့်တောင် ဖြစ်နေပြီ”လို့ ၀င့်ယမုံလှိုင်က ပြောပြပါတယ်။

ဝင့်ယမုံလှိုင်က လက်ရှိမှာတော့ အနုပညာ လှုပ်ရှားမှုအနေနဲ့ ဗီဒီယိုကားလေးတွေကို ရိုက်ဖြစ်နေတယ်လို့ ပြောပါတယ်။ သရုပ်ဆောင် အသစ်ဖြစ်တဲ့ မင်းလူလူနဲ့လည်း “ခြေရာ”ဆိုတဲ့ ဇာတ်ကားလေးကို ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။

The Messager

မှတ်ချက်များ