![]() |
| (ဒီကေဘီအေ) ကလို့ထူးဘော စစ်ဗျူ ဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင် |
တိုက်ပွဲဖြစ်နေတဲ့နေရာကို မြန်မာစစ်တပ်က ထိုးစစ်ဆင်လာတာဖြစ်ပြီး ကော့ကရိတ်ဘက်ကနေလည်း လက်နက်ကြီးတွေနဲ့ ကူပစ်ပေးနေပြီး တိုက်ပွဲက အခုထိ မပြီးသေးဘူးလို့ ဒီနေ့ ၁၂ နာရီကျော်လောက်မှာ ပြောဆိုပါတယ်။
ကော့နွဲ့ရွာသားတဦးကတော့ မနက် ၁၁ နာရီလောက်ကနေ သေနတ်သံတွေကြားနေရတယ် ကျနော်တို့ရွာနဲ့က ၃ မိုင်လောက်ဘဲဝေးတယ် လို့ပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေပေမဲ့ မြ၀တီ - ကော့ကရိတ် ဒေါနတောင်ပတ်ကားလမ်းမှာတော့ မော်တော်ယာဉ်တွေ ပုံမှန်သွားလာနေပါတယ်။
မြ၀တီ - ကော့ကရိတ်ကို ဆက်သွယ်ထားတဲ့ ပင်မလမ်းနှစ်သွယ် အနီးအနားတွေမှာ တိုက်ခိုက်မှုတွေ အဆုံးသတ်ခြင်းမရှိပေမဲ့ ခရီးသွားတွေကတော့ ဒီလမ်းတွေကို ပုံမှန်အသုံးပြုနေကြပါတယ်။
ဒီအနေအထားတွေအရဆိုရင် ဒီလ ၂၀ ရက်နေ့မှာပြုလုပ်ဘို့ရှိတဲ့ အာရှလမ်းသစ် တရားဝင်ဖွင့်လှစ်ပွဲ သတ်မှတ်ရက်အတွင်း ကျင်းပနိုင်မယ်လို့ မထင်တဲ့အကြောင်း နယ်စပ်အရေးလေ့လာသူတွေက သုံးသပ်ပြောဆိုကြပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ

မှတ်ချက်များ