တစ်လလျှင်သုံးသောင်းကျပ် ငွေပေးသွင်းရုံဖြင့် အဆင့်မြင့်တိုက်ခန်းတစ်ခန်းပိုင်ဆိုင်နိုင်မည့် အခန်းပေါင်း ၂၅ဝဝ ကျော်ပါဝင်သော အိမ်ရာစီမံကိန်းတစ်ခု မုံရွာတွင်တည်ဆောက်ရန်စီစဉ်နေဟုဆို


အခြေခံလူတန်း စားများအတွက် တစ်လလျှင် ငွေကျပ် သုံးသောင်းဖြင့် နှစ်ပေါင်း ၃ဝ ကြာ လစဉ်ပေးသွင်းရုံဖြင့် အဆင့်မြင့်တိုက် ခန်းတစ်ခန်းပိုင်ဆိုင်နိုင်မည့် အခန်း ပေါင်း ၂၅ဝဝ ကျော်ပါဝင်သော အိမ် ရာစီမံကိန်းတစ်ခု မုံရွာမြို့တွင် တည် ဆောက် ရန်စီစဉ်နေကြောင်း သတင်း ရရှိသည်။

ယင်းစီမံကိန်းအား ဇူလိုင် ၂ဝ ရက်တွင် စတင်မည့် (၁၃)ကြိမ်မြောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ပုံမှန်အစည်းအဝေးတွင် အဆိုတင် သွင်းအတည်ပြုသွားနိုင်ရန် စီစဉ်နေ ကြောင်း အမည်မဖော်လိုသည့် ဌာန ဆိုင်ရာအကြီးအကဲတစ်ဦးက ပြော သည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးတင်လှိုင်မြင့်က ''အဲဒီအဆိုက လမ်း ပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင် ဇော်ဦးက တင်သွင်းမှာပါ။ တခြား စီမံကိန်းအဆိုတွေလဲ အများကြီးရှိပါ တယ်။ ကျွန်တော်တို့ကတော့ လော လောဆယ် ကန့်ဘလူကျွန်း ရေဘေး ကယ်ဆယ်ရေးဘက်ရောက်နေတော့ ဘယ်သူအစားထိုးပြီး တင်သွင်းပေး မလဲတော့မသိသေးဘူး'' ဟုပြောသည်။

အဆိုပါ စီမံကိန်းဆောင်ရွက် နိုင်ရန် မြေနေရာဧက ၂ဝလိုအပ်မည် ဖြစ်ပြီး ရှစ်ခန်းတွဲငါးထပ် တည် ဆောက်မည်ဖြစ်သည်။ ငါးထပ်တွင် အောက်ဆုံးထပ်အား ကားပါကင် အဖြစ် ဆောင်ရွက်ပြီး ကျန်အထပ် များတွင် တိုက်တစ်လုံး၊ အခန်း(၃၂)ခန်းနှုန်းဖြင့် တိုက်အလုးံပေါင်း (၈ဝ)၊ အခန်းပေါင်း (၂၅၆ဝ)ကို နှစ်နှစ် အတွင်း တည်ဆောက်အကောင်အ ထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

''မြေနေရာကတော့ တိုင်းဒေသကြီး အစိုးရက တစ်ဆက်တစ်စပ်တည်းရအောင်ရှာပေးရမှာပါ။ ပုဂ္ဂလိက ကလဲ ရှာနိုင်ရင် သူတို့က အကျိုးအမြတ်ရ ဦးမှာပါ။ မိသားစုတိုင်းအိမ်ရှိစေဖို့၊ အလုပ်အကိုင်အခွင့်အလမ်းရဖို့ စီစဉ် တာပါ''ဟု အထက်ပါအရာရှိမှပြော ကြားသည်။

တိုက်ခန်းတစ်ခန်း၏ အကျယ် မှာ အလျား ပေ ၃ဝ အနံ ပေ၂ဝ (စတုရန်းပေ ၆ဝဝ) ကျယ်ဝန်းပြီး တစ်ခန်းလျှင် ၁ဝ၈ သိန်းကျသင့်မည် ဖြစ်သည်။ တိုက်ခန်းတိုင်းတွင်လျှပ် စစ်မီး၊ သောက်သုံးရေ၊ မီးဖိုချောင်၊ အိမ်သာ၊ အိပ်ခန်း၊ ဧည့်ခန်းများပါ ဝင်မည်ဖြစ်သည်။

အဆိုပါ အိမ်ရာတိုက်ခန်းများ ကို လူမှုဖူလုံရေးကတ်၊ (သို့မဟုတ်)အလုပ်သမားမှတ်ပုံတင်ကတ်(သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ်ရှိ သူ ဒေသခံများကို အဓိကဦးစားပေး ရောင်းချသွားဖြစ်ပြီး ဝယ်ယူသူမှ လွှဲ ပြောင်းခွင့်နှင့် အမွေဆက်ခံခွင့်ပြု လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ - မုံရွာမြို့တွင် တည်ဆောက်မည့် အိမ်ရာစီမံကိန်း ပုံစံငယ်အား တွေ့ရစဉ်။

KTS - ‎Democracytoday‬

မှတ်ချက်များ