(ပ)၃၀၇/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၀၇/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက် ခဲ့ပါသည်။
အမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ဗဟန်းမြို့မရဲစခန်း၊ သာကေတမြို့မရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ပြီး မောင်းနှင်ထွက်ပြေး သွားသည့် 5D---- CALDINA ယာဉ်မှာ သာကေတမြို့နယ်နေသူ ပိုင်ဖြစ်ကြောင်း သိရှိရပြီး ၎င်းယာဉ်အား တီကောင်(ခ)ရန်နိုင်မှ အငှားမောင်းနှင်နေကြောင်း သိရှိရ၍ စုံစမ်းရှာဖွေခဲ့ရာ ၁၄.၇.၂၀၁၅ ရက်နေ့ ၂၁၂၀ အချိန်ခန့်တွင် သာကေတမြို့နယ်၊ မြို့မ(၈)လမ်း၌ တီကောင်(ခ)ရန်နိုင်၊ (၂၈)နှစ်၊ ဘုရားကုန်းကျေးရွာ၊ သန်လျင်မြို့နယ်နေသူကို ယာဉ်နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။
၎င်းအားစစ်ဆေးချက်အရ ခင်မင်ရင်းနှီးသူ စပိုက်ဒါ(ခ)အငယ်လေး(ခ) မျိုးမြင့်အောင်မှ ငှားရမ်းသဖြင့် လိုက်ပါလာခဲ့ပြီး ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းရှိ အခင်းဖြစ်နေရာအနီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ၎င်းနေရာသို့ရောက်ရှိစဉ် စပိုက်ဒါ(ခ)အငယ်လေး(ခ)မျိုးမြင့်အောင်မှ အခြားသူတစ်ဦးအား ဖုန်းဖြင့် ဆက်သွယ် အသိပေးခဲ့ရာ လူငယ်(၂)ဦးရောက်ရှိလာပြီး ဦးချစ်မောင်လမ်းပေါ်ရှိ ယာဉ်တစ်စီးအား လေးခွဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ မျိုးမြင့်အောင်(ခ) အငယ်လေးမှ ယာဉ်ကို စက်အသင့်နှိုးခိုင်းထားပြီး ၎င်းလူငယ်(၂)ဦး တက်ရောက်လာချိန်တွင် ဗိုလ်စိန်မှန်လမ်းအတိုင်း မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရှိရပါသည်။
အမှုတွင်ပါဝင်ကျူးလွန်သူ စပိုက်ဒါ(ခ)အငယ်လေး(ခ)မျိုးမြင့်အောင်၊ (၂၇)နှစ်၊ (၃)ရပ်ကွက်၊ သာကေတမြို့နယ်နေသူအား မြောက်ဥက္ကလာပမြို့နယ်ရှိ တည်းခိုခန်းတစ်ခုမှ ၁၅.၇.၂၀၁၅ ရက်နေ့ ၀၈၀၀ အချိန်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
အမှုနှင့်ပတ်သက်၍ ကျန်ရှိသော ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး လေးခွ ကုန်းသီးဖြင့် ချောင်းမြောင်းပစ်ခတ်သည့် အမှုအား ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖော်ထုတ် ဖမ်းဆီးဆောင်ရွက်ခဲ့ပါသည်။
Yangon Police


မှတ်ချက်များ