ကော့သောင်းမြို့ (NLD) (၆၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပ
ကော့သောင်းမြို့ NLD ပါတီ နှင့် အမေ့အိမ် ပညာရေး ကွန်ယက်မှ ကျောင်းသား/သူများ (၆၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကော့သောင်းမြို့ ဗိုလ်ချုပ်မြင်းစီးရုပ် ရှေ့တွင် ဇူလိုင်၁၉ရက် နံနက် (၉း၁၀) နာရီ က မိုးသည်းထန်စွာ ရွာသွန်းနေသည့်အကြား လွမ်းသူပန်းခွေချအလေးပြု ကြကြောင်း သိရသည်။
အမေ့အိမ်ပညာရေး ကွန်ယက်မှ ကျောင်းသား/သူများ အင်အား(၅၀)ဦး နှင့် မြို့နယ် (NLD) ပါတီဝင်အင်အား (၁၅၀) ဦးခန့် သည် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် NLD ရုံး စုရပ် မှ ရွှေင်္ဟသာရပ်ကွက် နှင့် ဗိုလ်ချုပ်လမ်းအတိုင်း ချီတက် ပြီး ဗိုလ်ချုပ်မြင်းစီး ရုပ် ရှေ့တွင် လွမ်းသူပန်းခွေချ အလေးပြုကြ ကာ နိုင်ငံတော်သီချင်းဆိုကြပြီး ပြန်လည်ထွက်ခွာကြသည်။
ဆက်လက်၍ အာဇာနည်ခေါင်းဆောင်များ အားရည်စူး ၍ သံဃာတော်များ အား NLD ပါတီရုံးတွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်း ကြကြောင်းသိရှိရသည်။
ကော့သောင်းသတင်းသမား - Thit Htoo Lwin

မှတ်ချက်များ