![]() |
| UAE ထောင်မှာ နေထိုင်ခဲ့ရတဲ့ Jodi Magi (Credit: ABC licensed) |
သြစတြေးလျနိုင်ငံ အနောက်ပိုင်းက အသက် ၃၉ နှစ်အရွယ် Jodi Magi ဟာ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားတဲ့ စကားလုံးတွေကြောင့် တနင်္ဂနွေနေ့တုန်းက UAE နိုင်ငံရဲ့ မြို့တော် Abu Dabhi မှာ ဖမ်းဆီးခံခဲ့ရပါတယ်။
Jodi ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကပဲ Abu Dahbi မြို့က သူမရဲ့ တိုက်ခန်း ပြင်ပမှာ ရပ်ထားတဲ့ ကားတစ်စီးနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်မှာ စာရေးခဲ့ပါတယ်။
အဲဒီကားက မသန်စွမ်းသူတွေအတွက် နေရာချထားပေမယ့် ကားရပ်ထားရာ နေရာ နှစ်ခုစာယူပြီး ကားရပ်ထားတာဖြစ်သလို မသန်စွမ်းသူ ပါဝင်တယ်ဆိုတဲ့ ကဒ်ပြားကိုလည်း တင်မထားတာကြောင့် အဲဒီလို တစ်ကိုယ်ကောင်းဆန်ဆန် ကားတွေရပ်ထားတဲ့အပေါ် ဝေဖန်တဲ့ စာကို ရေးသားခဲ့ပါတယ်။
အဲဒီ စာသားကို တွေ့ရှိတဲ့ လူတစ်ယောက်က UAE အာဏာပိုင်တွေကို အရေးယူခိုင်းရာက ဇွန်လကစပြီး တရားစွဲခံခဲ့ရပါတယ်။
Jodi ကတော့ အဲဒီကားရဲ့ နံပါတ်ပြားကို မဖော်ထားသလို ဘယ်သူ ဘယ်ဝါရဲ့ ကားပါ ဆိုတာကိုလည်း ပြောမထားခဲ့ဘူးလို့ ဆိုပါတယ်။
တရားရုံးက ဆိုးသွမ်းတဲ့ စကားလုံးကို အသုံးပြုမှုနဲ့ လူတစ်ယောက်ရဲ့ အကြောင်းကို ရေးသားမှုနဲ့ တနင်္ဂနွေနေ့တုန်းကပဲ ထောင်ချခံခဲ့ရပါတယ်။
သြစတြေးလျ အစိုးရအပြင် နိုင်ငံတကာ မီဒီယာမှာ ဒီအကြောင်း အလေးပေး ဖော်ပြလာပြီးနောက် နှစ်ရက်သာ ဖမ်းဆီးပြီး သူ့ကို ပြည်နှင်ဒဏ် ပေးလိုက်ပါတယ်။
ထောင်ထဲမှာ တွေ့ခဲ့ရတဲ့ အမျိုးသမီးတချို့ဆိုရင် အိမ်ထောင်ဖောက်ပြန်လို့ ထောင်ချခံရတာတွေ၊ ဆင်းရဲပြီး လာဒ်မထိုးနိုင်လို့ ထောင်ချခံရတာတွေ၊ အများ သဘောမတူတဲ့ လူနဲ့ လက်ထပ်မိတာကြောင့် အပြစ်ပေးခံရတဲ့ အမျိုးသမီးတွေကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ABC Radio Australia

မှတ်ချက်များ