Archimedes က စတင်ခဲ့တဲ့ ဓါတ်လှေကား တွေရဲ့ သမိုင်း
ဓါတ်လှေကား တွေဟာ ခေတ်ပေါ်တီထွင်မှုတစ်ခုလို့ ထင်မှတ်ရပေမယ့်လည်း လူတွေနဲ့ ကုန်ပစ္စည်းတွေကို ထောင်လိုက် သယ်ယူပို့ဆောင်ပေးတဲ့ ကိရိယာတွေကိုတော့ လွန်ခဲ့တဲ့ နှစ် ထောင်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။
သမိုင်းမှတ်တမ်းတွေအရ ဂရိ သချာင်္ ပညာရှင်တစ်ယောက်ဖြစ်တဲ့ Archimedes က ၂၃၆ ဘီစီမှာ ရှေးအကျဆုံး ဓါတ်လှေကာကိုတီထွင်ခဲ့တယ်လို့ သိရပါတယ်။ ထို ဓါတ်လှေကားကတော့ စည်ပိုင်းတစ်ခုကို ကြိုးတွေ ပတ်လည်ချည်နှောင် ပြီး လူတွေရဲ့ ခွန်အားနဲ့ ရွေ့လျားစေတာပဲ ဖြစ်ပါတယ်။
ရှေးဟောင်း ရောမ မှာတော့ Colosseum လူသတ်ကွင်းကြီးရဲ့ အောက်ခြေထဲမှာ ရှုပ်ထွေးလှတဲ့ အခန်းတွေ ၊ တိရိစ္ဆာန်လှောင်အိမ်တွေ နဲ့ လှိုက်ဂူလမ်းသွယ်တွေ အများကြီးရှိနေခဲ့ပါတယ်။ အဲဒီ ကွင်းကြီးရဲ့ အောက်ခြေကနေ Gladiator တွေနဲ့ တိရိစ္ဆာန်ကြီးတွေကို အပေါ်က လူသတ်ကွင်း ကြီးထဲကို ရောက်အောင်ပို့ဆောင်ပေး ရတဲ့ ဓါတ်လှေကားကို လူရာပေါင်းများစွာက လွန် နဲ့ ဆွဲတင်ပြီး အသုံးပြုခဲ့ ကြတယ်လို့ လည်းသိရပါတယ်။
၁၇၄၃ ခုနှစ်မှာလည်း ပြင်သစ် ဘုရင်ဖြစ်တဲ့ Louis XV ဟာ Versailles နန်းတော်ထဲမှာ သူ့ရဲ့ မိဖုရားတစ် ယောက်ကို "Flying Chair" လို့ ခေါ်တဲ့ တစ်ယောက်ထဲထိုင်လိုက်ရတဲ့ ဓါတ်လှေကား မျိုး ကို အသုံးပြုခွင့်ပေးခဲ့ပြီးတဲ့နောက် ထိုနည်းတူစွာပင် နန်းတော်ရဲ့ မီးဖိုချောင် ကနေ သူ့ရဲ့ ထမင်းစားခန်းအတွင်းသို့ ထမင်းစား စားပွဲကို ပို့ဆောင်ပေးတဲ့ "Flying Table" လို့ အမည်ရတဲ့ ထမင်းစား စားပွဲ ဓါတ်လှေကား ကို တည်ဆောက်ခဲ့ပါသေးတယ်။
၁၉ ရာစု အလယ်ပိုင်းမှာတော့ ရေနွေးငွေ့သုံးမောင်းနှင်ရတဲ့ ဓါတ်လှေကားတွေကို စတင်ရောင်းချခဲ့ပြီး ထို ဓါတ်လှေကားတွေမှာ အသုံးပြုတဲ့ ကြိုးတွေကတော့ ခိုင်မာသထက်ခိုင်မာ လာခဲ့ပါတယ်။ ၁၈၅၂ ခုနှစ်မှာ တော့ Elisa Graves Otis ဆိုသူဟာ ဓါတ်လှေကား တော်လှန်ရေးကို စတင်ခဲ့ပါတယ်။ သူဖန်တီးတဲ့ ဓါတ်လှေကားတွေမှာ ကြိုးတွေကို အဓိက မသုံးတော့ပဲ ထောင်လိုက် မီးရထားလမ်းလို သံချောင်းတွေ နဲ့ မြှင့်တင်ပေးတဲ့ ဓါတ်လှေကားတွေကို တီထွင်ခဲ့ပါတယ်။
၁၈၅၇ ခုနှစ်မှာတော့ နယူယော့ခ်မြို့တော်မှာ ရှိတဲ့ five-story အရောင်းဌာန တစ်ခုမှာ ထိုဓါတ်လှေကားကို တပ်ဆင်ခဲ့ရာမှာ Otis ရဲ့ ဓါတ်လှေကား ဖန်တီးမှုတွေက သမိုင်းတွင်သွားခဲ့ပြီး ဒီနေ့ခေတ်အထိ အောက်ဆုံးထပ်ကနေ Pent House အထိ ခရီးသည်တွေ ပို့ဆောင်ပေးနိုင်တဲ့ အိမ်ခြံမြေ တိုင်း အားထားရာ အရာ တစ်ခုဖြစ်လာခဲ့ပါတယ်။
( Mario )
Ref : History

မှတ်ချက်များ