အသက် ၂၇ နှစ်အရွယ် Rihanna နဲ့ အသက် ၃၀ အရွယ် Hamilton တို့ ဟာ Rihanna ရဲ့ မွေးရပ်မြေ Barbados ကျွန်းစုမှာ အတူတကွ နေပူဆာလှုံခဲ့ကြသလို ရွက်လှေမှာ ပါတဲ့ လှေငယ်လေးတွေနဲ့ လည်း ပင်လယ်ပြာပြာမှာ အတူတကွအချိန်ဖြုန်းခဲ့ကြတာကို တွေ့ မြင်ခဲ့ရပါတယ်။
Rihanna လာရောက်ဖျော်ဖြေခဲ့တဲ့ Barbados ကျွန်းရဲ့ နှစ်ပတ်လည်နေ့ ကာနီဗယ်ပွဲတော်မှာ သူတို့ နှစ်ဦးအတူတွဲနေတာကို ဓာတ်ပုံတွေမှာ တွေ့ မြင်ခဲ့ရပြီး နောက် သူတို့ နှစ်ဦးအချစ်ရေးကောလဟာလတွေ စတင်ပြန့် ခဲ့တာဖြစ်ပါတယ်။
Hamilton ကော Rihanna ကပါ သူတို့ နှစ်ဦးချစ်ကြိုက်နေကြလားဆိုတဲ့အပေါ်မှာ မှတ်ချက်စကားပြောထားခြင်း မရှိသေးပါဘူး။
Hamilton ဟာ ကြာရှည်လက်တွဲခဲ့တဲ့ Nicole Scherzinger နဲ့ ပြတ်ပြီးနောက် တခြား နာမည်ကြီးတွေနဲ့ တွဲခုတ်ခဲ့သလို Rihanna ကလည်း ဖေဖော်ဝါရီလတုန်းက Leonardo DiCaprio ၊ သိပ်မကြာခင်က ရီးယဲလ်မက်ဒရစ်ကစားသမား Karim Benzema တို့ နဲ တွဲခုတ်ခဲ့ပါသေးတယ်။
( Ye Wint ) - သစ်ထူးလွင်
Ref : US Megazine

မှတ်ချက်များ