မြစ်ဝကျွန်းပေါ်ဆီ ရေတွေပြိုဆင်းလာမယ့်ဘေး သတိပေးပြီ


မုံရွာနဲ့ ကလေးဝမှာ လာမယ့်သီတင်းပတ်အတွင်း မိုးထပ်ရွာဖို့ရှိနေသေးလို့ လက်ရှိရောက်နေတဲ့ စိုးရိမ်ရေမှတ်အထက် ၂ပေကျော်နေတဲ့အခြေအနေ နောက်ထပ် ၃ရက်ကြာဦးမယ်လို့ မိုးဇလက ခန့်မှန်းထားတာကြောင့် အခုအချိန်ဟာ အရေးအကြီးဆုံးအချိန်ကို ရောက်နေပြီလို့ ဒေါက်တာထွန်းလွင်က သတိပေးလိုက်ပါတယ်။

ဟင်္သာတရဲ့ ဧရာဝတီမြစ်ရေဟာ ရေတွေရုတ်တရက်ဝင်လာလို့ စိုးရိမ်ရေမှတ်ရဲ့အထက် ၅ပေကို ရောက်ပြီး သာရဝေါဘူတာလည်း ရေမြုပ်နေတာကြောင့် မြစ်ဝကျွန်းပေါ် ရေမြုပ်မယ့် ဘေးအန္တရာယ် မြင့်မားနေပြီလို့ ရေတွေပြိုဆင်းကျလာမယ့်အရေး သူက သတိပေးလိုက်ပြီး ကြိုတင်ဆောင်ရွက်သင့်တာတွေ လုပ်ကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

‪#‎SupportMyanmar‬
Kamayut Media

မှတ်ချက်များ