ယနေ့( သြဂုတ် ၂)ရက်နံနက်ပိုင်းတွင် အောင်လံမြို့နယ်ရှိ ဧရာဝတီမြစ်ရေသည် ရန်ကုန်-မန္တလေး ကားလမ်းမကြီးပေါ်တွင် သုံးနေရာခန့်ရေကျော်သွားပြီ ဖြစ်သည်။
အောင်လံတောင်ဘက်ရှိ ပြလို့ကျေးရွာအထွက်တွင် ရေကျော်အများဆုံးဖြစ်နေပြီး ကတ္တရာလမ်းမကြီးပေါ်တွင် တစ်ပေခွဲဝန်းကျင်ခန့်အထိ မြင့်တက်လာ၍ အရှည်ပေ(၁၂၀၀ )ကျော်ခန့်အထိ ရေကျော်နေခြင်း ဖြစ်သည်။
ထို့ပြင် ပြင်းပေါက်နံဇူပင်ကျေးရွာအနီးနှင့် အောင်လံမြို့တွင်းအေးစေတီဘုရားရှေ့တွင်လည်း ရေကျော်နေကြောင်း သိရသည်။
ရေထုအနည်းငယ်များသော်လည်း အသွားအလာအဆက်အသွယ်မပြတ်စေရန် လမ်းကြောင်းပြတိုင်များ စိုက်ထားပေး၍ ကယ်ဆယ်ရေးတာဝန်ရှိသူများနှင့် လမ်းတံတားတာဝန်ရှိသူများက ကြီးကြပ်ကူညီပေးနေသည် “ ဟု အောင်လံဆောက်လုပ်ရေးဌာနအင်ဂျင်နီယာကိုကျော်ကိုကိုထွဋ်ကပြောသည်။
အောင်လံမြို့မှ အခြားမြို့အသီးသီးသို့ပြေးဆွဲနေတဲ့ခရီးသည်တင်ယာဉ်လိုင်းများလည်း
ပုံမှန်အတိုင်းပြေးဆွဲလျက်ရှိနေကြောင်း အောင်လံမော်တော်ယာဉ်လိုင်းဂိတ်များထံမှ သိရသည်။
#SupportMyanmar
7Day Daily


မှတ်ချက်များ