မြေပြိုမှုကြောင့်ပျက်စီးသွားသည့် ကလေး-ဟားခါးအမြန်လမ်းမကြီးအား အသစ်ဖောက်လုပ်နေဟုဆို


ချင်းပြည်နယ် မြေပြို မှုကြောင့် ပျက်စီးသွားသော ကလေး-ဟား ခါး အမြန်လမ်းမကြီးအား အသစ်ဖောက် လုပ်နေပြီး စားနပ်ရိက္ခာလိုအပ်ချက်ကြောင့် စက်တင်ဘာ ၁ရက်မှစတင်ကာ ဂျစ်ကား သေးများ သွားလာနိုင်အောင် ဆောင်ရွက် နေကြောင်း ချင်းပြည်နယ်လုံးဆိုင်ရာ လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးငွန်ဆိုင်း အောင်းက ပြောသည်။

အဆိုပါ ကလေး-ဟားခါးလမ်း မကြီးမှာ ၁၂၄မိုင်ရှည်လျားပြီး လက်ရှိတွင် ဒေသတွင်း ဒုက္ခသည်စခန်းများတွင် စား နပ်ရိက္ခာပြတ်လပ်နေမှုကြောင့် အခြားဒေ သမှ စားကုန်သောက်ကုန်များ အမြန်ဆုံး သယ်ယူရန် လမ်းသစ်ဖောက်လုပ်ခြင်းလုပ် ငန်း ဆောင်ရွက်လျက်ရှိရာ ရာသီဥတုဆိုး ရွားမှုကြောင့် ကုန်ကားများ၊ ကားကြီးများ သွားလာရန် ကြန့်ကြာမည်ဖြစ်ကြောင်း သိရသည်။

''မြေပြိုတော့ လမ်းမကြီးတွေပါ အကုန်လုံးပျက်စီးပြိုကျသွားတယ်။ ဟားခါး ကိုသွားဖို့ အဲဒီလမ်းမကြီးတစ်ခုပဲရှိတော့ ဒေသခံတွေ စားနပ်ရိက္ခာ ပြတ်နေတာကို လာရောက်ကူညီချင်တဲ့သူတွေ ရှိရင်တောင် လာလို့မရတဲ့အခြေအနေပါ။ လောလော ဆယ်မှာ ရိက္ခာမပြတ်သွားအောင် စက်မှုဇုန် ထုတ် ဂျစ်ကားလေးတွေနဲ့ သယ်လို့ရသမျှ သယ်ယူဖို့ အရင်ရှိတဲ့လမ်းနေရာမဟုတ်ဘဲ လမ်းသစ်ဖောက်လုပ်လိုက်တယ်။ ဒီလကုန် မှာ စပြီးသွားလာလို့ရမှာပါ။ ကားကြီးတွေ ကတော့ အချိန်ယူရဦးမယ်။ တော်ရုံနဲ့ သွား လာလို့ရမှာမဟုတ်ဘူး။ အခုထိ ရာသီဥတု အခြေအနေက မကောင်းသေးတော့ ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်သေးဘူး''ဟု ဦးငွန်ဆိုင်းအောင်းက ဆက်လက်ပြော ကြားသည်။

''ဒုက္ခသည်စခန်း ရှစ်ခုပဲရှိတော့ တယ်။ ရိက္ခာကတော့ အမြဲလိုနေတာပဲ။ အဓိကကတော့ဆန်ပေါ့။ အခြားစားသောက် ကုန်တွေလဲ လိုနေတာပဲ။ အခုတော့ ကား လမ်းတွေပြန်ဖွင့်နိုင်ဖို့ ကြိုးပမ်းနေကြတယ်။ ကားလမ်းတွေသာပွင့်သွားရင်တော့ အဆင် ပြေမှာပါ။ လာလှူချင်တဲ့သူတွေရော၊ လှူ ထားပြီး ကလေးမြို့တို့မှာ သောင်တင်နေ တာတွေရှိတယ်။ ဒါတွေကိုလဲ ဖြည်းဖြည်း ချင်းစီပြောင်းရွှေ့ရမှာပါ''ဟု ဟားခါးဒုက္ခ သည်စခန်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်စုန်ဇီမန်က ပြောသည်။

ယင်းဒုက္ခသည် စခန်းရှစ်ခုတွင် ဒုက္ခရောက်ပြည်သူ ၅၇ဝဝခန့်ရှိပြီး မြေပြိုမှု ကြောင့် ဟားခါးမြို့တစ်ခုလုံးတွင် အိမ်ခြေ ၅၅၈ လုံးပျက်စီးခဲ့ကြောင်း ချင်းပြည်နယ် အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

နွယ်ဇင် - ‎FlowerNewsJournal‬

မှတ်ချက်များ