အရသာရှိသော လက်ဖက်သုပ် တစ်ပွဲ






တစ်ခါတစ်လေ ဘာဟင်းမှ မရှိဘူးဆိုရင် လက်ဖက်သုပ် ကောင်းကောင်းလေး တစ်ပွဲ နဲ့တင် ထမင်စားလို့ ရပါတယ်။ အရသာရှိသော လက်ဖက်သုပ် တစ်ပွဲ အတွက် လက်ဖက်သား ကောင်းကောင်း လိုအပ်ပါတယ်။

ဒါ့အပြင် ပဲကြော်၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ဆီကောင်းကောင်းလေးတွေနဲ့ အဆင်ပြေအောင် သုပ်လိုက်ရင်တော့ အရသာ ရှိတဲ့ လက်ဖက်သုပ် တစ်ပွဲ ဖြစ်လို့ သွားပါပြီ။ လက်ဖက်သုပ်ဟာ ထမင်းနဲ့တင် စားလို့ရတာပဲ မဟုတ်သလို ထမင်းစားပြီးတဲ့ အခါမှာလည်း ရေနွေးကြမ်းလေးနဲ့ လိုက်ဖက်ညီတဲ့ အစားအစာ တစ်ခု ဖြစ်ပါတယ်။ ဒါတင်မကသေးဘူး အိမ်ကို ဧည့်သည့်လာရင်လည်း ဧည့်ခံလို့ ရတဲ့ အစားအစာ တစ်ခုပါ။

သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ တွေ့ရင်လည်း လက်ဖက်သုပ်လေး တစ်ပွဲက ပိုမိုပြီး ပျော်ရွှင်သွားစေမှာပါ။ လက်ဖက်သုပ်တဲ့ အခါမှာ လက်ဖက်ကို သီးသန့်ထား၍ စားကြသလို တစ်ချို့ကလည်း ပဲကြော်နှင့် ရောနှပ်ကာ စားကြပါတယ်။

ရိုးရာလေး

မှတ်ချက်များ