မိမိ ခန္ဓာကိုယ်ပေါ်တွင် ကပ်ညှိနေသော အညစ်အကြေးထက် မိမိ စိတ်မှာ ကပ်ညှိနေသော အညစ်အကြေးများကို ကုန်စင်အောင် ဖယ်ရှားပါ။ ကိုယ်တွင် ကပ်နေသော အညစ်အကြေးတွေဟာ လွယ်ကူစွာ ဖယ်ရှားနိုင်ပေမယ့် စိတ်မှာ ကပ်နေတဲ့ အညစ်ကြေးကိုတော့ လွယ်လွယ်နဲ့ ဖယ်လို့ရမယ် မထင်ပါဘူး။
ကိုယ်သန့်ဖို့ထက် စိတ်သန့်ဖို့ကို ဦးစားပေးပါ။ စိတ် သန့်တယ်ဆိုရင် ကိုယ်ပါ သန့်ပါလိမ့်မယ်။ စိတ် မသန့်သရွေ့၊ စိတ်မှာ အညစ်အကြေးတွေ ရှိနေသရွေ ကိုယ်ကလည်း သန့်မှာ မဟုတ်ပါဘူး။ မျက်နှာတွေ ဘယ်လောက် လှပအောင် ပြင်ပြင် စိတ် မလှသရွေ့တော့ လူချစ် လူခင် ပေါမှာ မဟုတ်ပါဘူး။
စိတ်ကို သန့်ဖို့ အတွက် ဘာဆေးကောင်းတွေမှာ သုံးဖို့ လိမ်းဖို့ မလိုပါဘူး။ စိတ်သန့်ဖို့ အတွက် ဘာ Beauty Salon မှာမှ သွားပြီး သန့်အောင် လုပ်လို့ မရနိုင်ပါဘူး။ စိတ်သန့်ဖို့ အတွက်ဆိုရင် ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမ တစ်ခုတည်း အောက်တွင်သာ နေကြည့်ပါ။
ရိုးရာလေး

မှတ်ချက်များ