ကမ္ဘာကျော်ဂျာနယ်တစ်စောင်က ခွဲခန်းများ၌ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်မှုများကို ဖော်ထုတ်


ခွဲစိပ်ကုသခန်းများတွင် လူနာများကို ထုံဆေး၊မေ့ဆေး အစရှိသည်ဖြင့် ထိုးနှံပေးပြီး လိုအပ်သလို ခွဲစိပ်ကုသပေးရာ ၀ယ် အချို့ သောကျန်းမာရေးဝန်ထမ်းများက ကျင့်ဝတ်ဖောက်ဖျက်ကာ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့် ကြသည်များရှိနေကြောင်းကို Annals of Internal Medicine ဆေးပညာဂျာနယ်၌ ဖော်ပြခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုတွင် ခွဲစိပ်ခန်းအတွင်း သတိလစ်မေ့မျောနေသောလူနာများကို ကျန်းမာရေးဝန်ထမ်းများ အမြတ်ထုတ် စော်ကားနေခြင်းများ ဖြစ်ပွားခဲ့သော် အရေးယူဆောင်ရွက်ပေးနိုင်ရန် တောင်းဆိုမှုများရှိကြောင်း သိရသည်။

Annals of Internal Medicine ဂျာနယ်တွင် ကျွန်ုပ်တို့ ၏လျှို့ ဝှက်ချက်ကလေး အမည်ဖြင့် ရေးသူအမည်မဲ့ ဖော်ပြပါရှိသော ဆောင်းပါးတစ်ပုဒ်၌ မေ့ဆေးပေးခံထားရပြီး ဆရာဝန်များ၏ မတော်မတရားပြုကျင့်ခံရသူ အမျိုး သမီး နှစ်ဦး အကြောင်း ဖော်ပြပါရှိကြောင်း၊ လူနာအားခွဲစိပ်ကုသမှုခံယူရန် မေ့ဆေးထိုးပေးကာ အသင့်ပြင်ပေးနေ စဉ် ဖြစ်ကြောင်း၊ သားအိမ်ခွဲစိပ်ထုတ်ပစ်ရမည့် အမျိုးသမီး ၂ ဦးဖြစ်ကြောင်း၊ ဆရာဝန်များက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ပြီးမှ သားအိမ်ကိုခွဲထုတ်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်ဟု ၀ါရှင်တန်ပို့ စ်သတင်းစာတွင် ဖော်ပြ ထားသည်။

အဆိုပါဆောင်းပါးထဲတွင် ဆေးတက္ကသိုလ်စာသင်ခန်းတစ်ခု၌ ဆရာဝန်များစောင့်ထိန်းလိုက်နာရမည့်ကျင့်ဝတ် အကြောင်းကို သင်ကြားပို့ ချနေချိန်တွင် ကျောင်းသားတစ်ဦးက ဆရာဝန်များက လူနာများကို ခွဲစိပ်ခန်းထဲတွင် မေ့ဆေးပေးပြီ မတော်တရားပြုကျင့်နိုင်ကြောင်း ထောက်ပြဝေဖန်မေးခွန်းထုတ်ကာ သက်သေအထောက်အထား ပြခဲ့သည့်ဟန်ဖြင့် ရေးသားဖော်ပြထားကြောင်း၊ အထောက်အထားရှိနေသဖြင့် ဆရာဖြစ်သူက မငြင်းဆန်နိုင်ဘဲ
အလုပ်သင်ဆရာဝန်ဘ၀က ခွဲစိပ်ခန်းထဲ၌ မီးဖွားပြီးသွေးသွန်နေသောအမျိုးသမီးတစ်ဦးကို ချက်ခြင်းမကုသေးဘဲ ကခုန်နေခဲ့သော သားဖွားမီးယပ်ဆရာဝန်တစ်ဦးအကြောင်းကို ထည့်သွင်းဆွေးနွေးထားသည်ကို ဖော်ပြထား ကြောင်း သိရသည်။

အဆိုပါဆောင်းပါးအား ဖော်ပြရန်သင့်၊မသင့် အစည်းဝေးခေါ်ယူ မဲခွဲဆုံးဖြတ်ခဲ့ပါကြောင်း၊ ယင်းဆောင်းပါးပါ အချက် အလက်များအရ လွန်စွာစက်ဆုပ်ဖွယ်ကောင်းသော ဆရာဝန်အချို့ ရှိနေနိုင်ကြောင်း၊ ပြည်သူလူထုအနေဖြင့် သိသင့်သည့်အခွင့်အရေးရှိကြောင်း၊ ထို့ ကြောင့် မိမိတို့ ဖော်ပြခဲ့ပါကြောင်း၊ ဆရာဝန်များအားလုံးကို မရည်ရွယ် ကြောင်း အယ်ဒီတာ့အာဘော်တွင်လည်း ရေးသားဖော်ပြထားကြောင်း သိရသည်။

Annals of Internal Medicine က ဖော်ပြလိုက်သော ယင်းဆောင်းပါးကြောင့် ယခုအခါ ဆရာဝန်လောကနှင့် လူနာ လောကတို့ မှ ဝေဖန်သံများ အမျိုးမျိုး ထွက်ပေါ်နေကြောင်း သိရသည်။

သမန်းကျား၊ ရတနာပုံနေ့ စဉ်။ / Lashio News Diary

မှတ်ချက်များ