ရေကြီးတဲ့ ဒေသတွေမှာ ဈေးအသက်သာဆုံး နည်းနဲ့ ရေ သန့်ရနိုင်မယ့် နည်း လမ်း


ရေကြီးပြီး နောက်ဆက်တွဲ ပါလာတဲ့ ပြသနာကတော့ မသန့်ရှင်းတဲ့ ရေကို သောက်ပြီးဖြစ်တဲ့ ဝမ်းရောဂါပါပဲ။ ရေသန့်ဗူးတွေ လှူနေကြပေမယ့်လည်း လုံလောက်မှု မရှိပါဘူး။ မသန့်ရှင်းသောရေတွေကို သောက်သုံးမိတဲ့အခါမှာ ဝမ်းပျက်/ဝမ်းလျောနဲ့ အခြားဝမ်းရောဂါများကို ဖြစ်ပွါးစေနိုင်ပြီး နောက်ဆုံးအဆင့် အသက်အန္တရာယ်ဆုံးရှုံးမှု အထိတောင် ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ရေရှားတဲ့ အာဖရိက ဒေသတွေ မှာ သုံးလေ့ရှိတဲ့ ၊ ကနေဒါက ပညာရှင် စမ်းသပ်ထားတဲ့ Biosand Water Filter အကြောင်းကို တင်ဆက်လိုက်ပါတယ်။

မသန့်ရှင်းသောရေတွေထဲမှာရှိတဲ့ Bacteria တွေကို သဘာဝပစ္စည်းနဲ့ သဘာဝနည်းအတိုင်း သန့်စင်နိုင်တဲ့ ပစ္စည်းတစ်မျိုးကတော့ ငွေကြေးကုန်ကျမှုမရှိဘဲ သင့်ပတ်ဝန်းကျင် အနီးနားမှာရှိနေပါတယ်.
ထိုသဘာဝပစ္စည်းကတော့ "Natural Sand ဟု ခေါ်သော သဘာဝ "သဲ" ဖြစ်ပါတယ်။
Natural Sand "သဲ" ဟာ ရေထဲမှာ ရှိတဲ့ Organic Material, Bacteria, Wombs, Viruses, Protozoa တွေကို ချေဖျက် စုပ်ယူနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ မသန့်ရှင်းသော၊ ညစ်ညမ်းသော ရေတွေကို သဲထဲမှာ ဖြစ်သန်း စီးဆင်းစေခြင်းဖြင့် ရေထဲတွင်ပါဝင်သော Bacteria, Viruses တွေကို 97% စုပ်ယူ ဖျက်ဆီးပေးပါတယ်။

လတ်တလော မြစ်ရေကြီးမှုကြောင့် သောက်သုံးရေရှားပါးသောပြဿသနာကို ဖြေရှင်းနိုင်ရန်အတွက် ကျွန်တော်တို့ BaganTrade လူငယ်တွေ ပြုလုပ်ထားတဲ့ BioSand Water Filter လေးကို ဗွီဒီယိုမှာ ပြထားပါတယ်။ ဈေးအသက်သာဆုံး နဲ့ အရိုးရှင်းဆုံးဖြစ်အောင် ရေသန့်ဗူး နဲ့ဘဲ ပြုလုပ်ထားပါတယ်။
ပြုလုပ်ပုံကတော့ -

အဆင့် (၁)- 1.25 Lieter ရေသန့်ဘူးခွံ(သို့) အချိုရည် ဘူးခွံအလွတ်ကို ယူပြီး အောက်ခြေကို အညီဖြတ်ပေးရပါမည်။
အဆင့် (၂)- ဘူးခွံ၏ အဖုံးဝကို အဝတ်စအသန့်ဖြင့်ပိတ်ပေးပြီး ဗွီဒီယိုထဲမှာပြထားသည့်အနေအထားအတိုင်း ထားပေးပါ။
အဆင့် (၃)- သဲကြမ်း အနည်းငယ်နှင့် သဲနု အနည်းငယ်ကို ရေသန့်ဖြင့် ဆေးကြောထားရပါမည်
အဆင့် (၄) သဲကြမ်း ကို ပုံတွင်ပြထားသည့်အတိုင်း လောင်းထည့်လိုက်ပါ
အဆင့် (၅) သဲအနု ကို သဲအကြမ်းအပေါ်မှ ထပ်ထည့်ပေးရပါမည်
အဆင့် (၆) သဲကြမ်း ကို သဲနု အပေါ်မှ နောက်ထပ်တစ်ကြိမ် ထပ်ထည့်ပေးရပါမည်
အဆင့် (၇) ရေသန့် ဘူးခွံ၏ ဖြတ်ထားသော အောက်ခြေအဝကို အဝတ်စအသန့်ဖြင့်ထပ်မံပိတ်ပေးရပါမည်။

ထိုအဆင့်များပြီးသွားပြီဆိုပါက မိမိသန့်စင်လိုသော ရေကို အပေါ်မှလောင်းထည့်ပြီး ရေသန့် စစ်ထုတ်ရယူနိုင်ပါပြီ။ သုသေသန ပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ BioSand Filter နည်းပညာဖြင့် စမ်းသပ်ရရှိသော ရေသည် Bacteria, Viruses တွေကို 97% စုပ်ယူ ဖျက်ဆီးပေးနိုင်ပါတယ်။

ရေ ၊ စားနပ်ရိပ်ခါ လှူနေသော ပရဟိတ သမားများအနေဖြင့် ၊ ရေသန့်ဗူးများ လှူရင်း ဒီ Bio Sand Water Filter လေးကိုပါ ၊ ပြုလုပ်လှူဒါန်း မည်ဆိုပါက ရေရှည် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

Filtration Process
1. Mechincal Traping (အမှုံ အမွှားတွေ နဲ့ ရောဂါပိုးမွှား တစ်ချို့ဟာ သဲခြားတွေ ထဲမှာ ညပ်ကျန်ခဲ့ပါတယ်။ သဲများကို ဖြတ်သန်းစဉ် Stastic Charge ဖြစ်ပေါ်သောကြောင့် ရောဂါပိုးမွှားတော်တော်များများကို သေစေပါတယ်။)

2. Predation (ရောဂါ ပိုးမွှားတစ်ချို့ကို Biological Layer မှာရှိတဲ့ microorganisms တွေက ချေဖျက်ပျစ်ပါတယ်။

3. Adsorption (ရောဂါပိုးမွှားတစ်ချို့ ဟာ အချင်းချင်း စုပ်ယူပြီး ပျက်ဆီးကုန်ပါတယ်။)

4. Natural Death ( ရောဂါပိုးမွှားတစ်ချို့ဟာ အောက်စီဂျင် အလုံအလောက်မရရှိလို့ သေဆုံးကုန်ပါတယ်။)

ဒါကြောင့် Biosand Water Filter ကို ဖြတ်ပြီးပါက ၉၇% သော ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အတွက် မြစ်ရေကြီးတဲ့ ဒေသတွေမှာ ဝမ်းရောဂါ အန္တရယ် မှကင်းဝေးဖို့ သုံးသင့်ပါတယ်။

ရေ ၊ စားနပ်ရိပ်ခါ လှူနေသော ပရဟိတ သမားများအနေဖြင့် ၊ ရေသန့်ဗူးများ လှူရင်း ဒီ Bio Sand Water Filter လေးကိုပါ ၊ ပြုလုပ်လှူဒါန်း မည်ဆိုပါက ရေရှည် အသုံးပြုနိုင်မည် ဖြစ်ပါသည်။



BaganTrade

မှတ်ချက်များ