ဒုက္ခသည်လေးထောင်ကို မင်္ဂလာဆောင်ဖိတ်ကျွေးခဲ့တဲ့ တူရကီစုံတွဲ
တူရကီနိုင်ငံသား စုံတွဲတစ်တွဲဟာ သူတို့ရဲ့မင်္ဂလာဆောင်မှာ ဆီးရီးယားဒုက္ခသည် ၄၀၀၀ ကို ဖိတ်ကြားဧည့်ခံလိုက်တာကြောင့် နာမည်ကြီးလာပါတယ်။ တူရကီနဲ့ ဆီးရီးယားဆိုတာ သမိုင်းကြောင်းအရ ဆက်ဆံရေးတင်းမာတဲ့ အိမ်နီးချင်း နှစ်နိုငံ ဖြစ်တာကြောင့် မင်္ဂလာသတို့သားနဲ့ သတို့သမီးလုပ်ရပ်က ထူးခြားနေပါတယ်။
မင်္ဂလာဆောင်ကို တူရကီတောင်ပိုင်း နယ်စပ်က Kilis မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး မင်္ဂလာပွဲကို ဆီးရီးယားဒုက္ခသည် ၄၀၀၀ ဖိတ်ကြားပြီးကျွေးမွေးဧည့်ခံခဲ့တာဖြစ်ပါတယ်။ ဆီရီးယားတွေဟာ ပြည်တွင်းစစ်ကြောင့် အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးခိုလှုံနေရတဲ့ ဒုက္ခသည်တွေဖြစ်ပါတယ်။ တကယ်တော့ ဆီးရီးယားနဲ့ တူရကီဟာ ရေအရင်းအမြစ်ကိစ္စကြောင့် ဆက်ဆံရေးတင်းမာကြသူတွေဖြစ်ပြီး နှစ်နိုင်ငံသားတွေကလည်း သိပ်အမြင်ကြည်ကြတာမဟုတ်ပါဘူး။
ဒါပေမယ့် ဒုက္ခရောက်နေသူကို လူမျိုး၊ ဘာသာ မခွဲခြားပဲ ကူညီရမယ်ဆိုတဲ့အချက်ကို တူရကီမောင်နှံနှစ်ဦးက သက်သေပြလိုက်တာဖြစ်ပါတယ်။ ဆီးရီးယားပြည်တွင်းစစ်ကြောင့် ဒုက္ခသည်ဖြစ်နေသူပေါင်းက နှစ်သန်းလောက်ရှိပြီး Kilis မြို့မှာတော့ ၄၀၀၀ လောက်ပဲရှိပါတယ်။
မင်္ဂလာပွဲမှာ သူငယ်ချင်းဆွေမျိုးတွေများစွာကို ကျွေးမွေးဧည့်ခံမယ့်အစား ဆီးရီးယား ဒုက္ခသည်တွေကို ကျွေးမွေးဖို့ သတိုးသားရဲ့ဖခင်ဖြစ်သူက အကြံပေးခဲ့တာလည်းဖြစ်ပါတယ်။ မင်္ဂလာမောင်နှံရဲ့ လုပ်ရပ်က နှစ်နိုင်ငံအကြား တင်းမာမှုကို ဘယ်လောက်ဖြေလျှော့ပေးမလဲဆိုတ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
Planet Myanmar



မှတ်ချက်များ